၀က်စ်ဘရွန်းနည်းပြရာထူးနေရာအတွက် ဆမ်အလာဒွိုက်၊ ပီယာဆန်နှင့် အိုနေးလ်တို့ ရေပန်းစားနေ

၀က်စ်ဘရွန်းနည်းပြရာထူးနေရာအတွက် ဆမ်အလာဒွိုက်၊ ပီယာဆန်နှင့် အိုနေးလ်တို့ ရေပန်းစားနေ

နိုဝင်ဘာ ၂၁၊ အင်္ဂလန် ။           ။ လစ်လပ်လျက်ရှိသည့် ၀က်စ်ဘရွန်းနည်းပြရာထူးနေရာအတွက် ၀က်စ်ဟမ်းနည်းပြဟောင်း ဆမ်အလာဒွိုက်၊ လက်စတာနည်းပြဟောင်း ပီယာဆန်နှင့် မြောက်အိုင်ယာလန်နည်းပြ မိုက်ကယ်အိုနေးလ်တို့ ရေပန်းစားလျက်ရှိသည်။

၀က်စ်ဘရွန်းအသင်း အာဏာပိုင်များသည် ချယ်လ်ဆီးအသင်းကို ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် နည်းပြတိုနီပူးလစ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ကြခြင်းဖြစ်သည်။

၀က်စ်ဘရွန်းအသင်းသည် ရာသီအစ သုံးပွဲဆက်တိုက် အနိုင်ရခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် ၁၁ ပွဲတွင် ၄ ပွဲသရေကျပြီး ရ ပွဲ ရှုံးနိမ့်ခဲ့သည်။ ၀က်စ်ဘရွန်းပရိသတ်များက တိုနီပူးလစ်ကို ထုတ်ပယ်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြရာ နောက်ဆုံး ရာထူးမှ ထုတ်ပယ်လိုက်ရခြင်း ဖြစ်သည်။

ပူးလစ်သည် ၀က်စ်ဘရွန်းအသင်းကို ၂၀၁၅ ခုနှစ်ကစပြီး ကိုင်တွယ်ခဲ့ရာတွင် ပွဲပေါင်း ၁၂၂ ပွဲတွင် ၃၆ ပွဲနိုင်၊ ၃၇ ပွဲသရေ၊ ၄၉ ပွဲရှုံးရလဒ်ရရှိခဲ့သည်။ အနိုင်ရရှိမှုရာခိုင်နှုန်းမှာ ၂၉.၅၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ယခုနှစ်ပရီးမီးယားလိဂ်တွင် ပဲလေ့စ်နည်းပြ ဒီဘိုးဝါး၊ လက်စတာနည်းပြ ရှိတ်စပီးယား၊ အဲဗာတန်နည်းပြ ကိုးလ်မန်းနှင့် ၀က်စ်ဟမ်းနည်းပြ ဘီလစ်တို့၏နောက် တိုနီပူးလစ်မှာ ငါးယောက်မြောက်ထုတ်ပယ်ခံရသည့်နည်းပြ ဖြစ်သည်။

ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲပြီးနောက်တွင် ၁၉၉၄-၉၅ ရာသီမှာ နည်းပြထုတ်ပယ်မှုအများဆုံးရာသီဖြစ်သည်။ ထိုနှစ်က နည်းပြ ၁၅ ဦးအထိ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၁၆-၁၇ ရာသီကမူ နည်းပြ ၁၁ ဦးအထိ ထုတ်ပယ်ခံခဲ့ရသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly