အစ္စရေးအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းထောင်သား ၂၅၀ ဝန်းကျင် အစာငတ်ခံဆန္ဒပြ မှုရေရှည်ဆင်နွှဲနေ

အစ္စရေးအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းထောင်သား ၂၅၀ ဝန်းကျင် အစာငတ်ခံဆန္ဒပြ မှုရေရှည်ဆင်နွှဲနေ

အစ္စရေးနိုင်ငံ နီဂတ်ဗ်အကျဉ်းထောင်အတွင်း ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်း အကျဉ်းသား ၂၅၀ နီးပါးက အစ္စရေးနိုင်ငံ၏ တရားစီရင်စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဖမ်းဆီးထောင် ချခြင်း administrative detention မူဝါဒကို ဆန့်ကျင်ကာ အစာငတ်ခံဆန္ဒပြမှုကို ရေရှည်ဆင်နွှဲလျက်ရှိသည်။

"အဆိုပါ အစ္စရေး၏ အစစ်အဆေးမရှိဖမ်းဆီးထောင်ချခြင်း မူဝါဒ ပယ်ဖျက်လိုက်သည့်အထိ အစာငတ်ခံဆန္ဒပြမှုကို ရေရှည်ဆင်နွှဲသွားမည်"ဟု အကျဉ်းသားကိုယ်စားပြုသူတစ်ဦးက ပြောကြောင်း  Ma’an News Agency သတင်းဌာနတွင် သြဂုတ် ၁၈ ရက်က ဖော်ပြသည်။

အဆိုပါ နီဂတ်ဗ်အကျဉ်းထောင်အတွင်း ဖမ်းဆီးထောင်ချထားသူ အစ္စရေးအကျဉ်းသား ၁၅၀၀ ဝန်းကျင်ရှိပြီး အစစ်အဆေးမရှိဖမ်းဆီးထောင်ချခံရသူ ပါလက်စတိုင်းအကျဉ်းသားဦးရေက ၂၅၀ ဝန်းကျင်ရှိ သည်။ အစ္စရေးအစိုးရက တရားစီရင်စစ်ဆေးခြင်းမရှိဘဲ ပါလက်စတိုင်းတို့ကို ထောင်ချရာတွင် ပြစ်ဒဏ်ခြောက်လ ချမှတ်ခြင်းဖြစ်သော်လည်း ယင်းပြစ်ဒဏ်ကို ထပ်ဆက်ကာ ဆက်လက်ထောင်ချနိုင်သည်။

ယင်းသို့အစ္စရေးတို့၏ ဖမ်းဆီးခြင်းများသည် ပါလက်စတိုင်းအား အနိုင်အထက်ပြုနေခြင်းဖြစ်ကြောင်း အဆိုပါအကျဉ်းသားကိုယ်စားလှယ်က ပြောသည်။

"ကျွန်တော်တို့က လွှတ်ပေးဖို့နဲ့ အပြစ်ဒဏ်လျှော့ပေါ့ဖို့ တောင်းဆိုနေကြတာမဟုတ်ဘူး။ အစ္စရေးရဲ့ ဒီလိုတရားစီရင်စစ်ဆေးခြင်းမဲ့ ဖမ်းဆီးမှုကို လုံးလုံးရပ်တန့်သွားအောင် တိုက်ပွဲဝင်နေတာဖြစ်တယ်။"ဟု ၎င်းကပြောသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ကာ အစစ်ဆေးအမေးမြန်းမရှိဘဲ နှစ်ရှည်ထောင်ကျနေသူ ပါလက်စတိုင်းအကျဉ်းသား မိုဟာမတ်အလန်က အစာငတ်ခံဆန္ဒပြရာမှ ယခုအစာငတ်ခံဆန္ဒပြမှုသည် ကြီးထွားလာခဲ့ခြင်းပင်ဖြစ်သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly