ရန်ကုန်၊ နိုဝင်ဘာ ၂၁ ။ ။ အဝေးပြေးကားဝင်းများနှင့် မင်္ဂလာဒုံလေယာဉ်ကွင်းမှ လူအလုအယက်လူခေါ်မှု၊ စျေးအဆမတန်တောင်းမှုနှင့် တက္ကစီလူခေါ်ပွဲစားများကို “ အငှားယာဉ် များကြီးကြပ်မှုကော်မတီ “ ဖွဲ့ကာထိန်းချုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ့ရန်ကုန်တိုင်းဒေသကြီး၊ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ၀န်ကြီးဒေါ်နီလာကျော်ကပြောသည်။
လက်ရှိ အဝေးပြေးကားဝင်းများတွင် အဆိုပါဖြစ်ရပ်များအား စည်ပင်ရဲနှင့် နယ်မြေရဲတပ်ဖွဲ့တို့မှ ထိန်းသိမ်းနေသော်လည်း အထိုက်အလျောက်သာ ကြပ်မတ်နိုင်သောကြောင့်ကော်မတီဖွဲ့ကာ ထိန်းချုပ်ရခြင်းဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။
“ ပိုမိုပြီးစနစ်တကျရှိရေးအတွက် အငှားယာဉ်တက္ကစီများကို ပိုမိုကွပ်ကဲနိုင်ရန် YRTA အဖွဲ့အနေဖြင့် အငှားယာဉ်များကြီးကြပ်မှုကော်မတီကို သီးခြားဖွဲ့စည်းပြီးတော့ ပိုမိုထိရောက်သော အစီအစဉ်များကိုဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါတယ် “ ဟု ၀န်ကြီးဒေါ်နီလာကျော်ကပြောသည်။
အဆိုပါ ကော်မတီကို ရန်ကုန်တိုင်းဒေသာကြီးသယ်ယူပို ့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ ့မှ သီးခြားဖွဲ ့စည်းသွားမည်ဖြစ်ပြီး ကားဝင်းများ ရှိ သက်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်စေမည်ဟုသိရသည်။
ကားဝင်းများတွင် လူအလုအယက်လူခေါ်မှု၊ စျေးအဆမတန်တောင်းမှုတို့ဖြစ်ပွားနေခြင်းဖြစ်ပြီး မင်္ဂလာဒုံလေယာဉ်ကွင်းတွင်မှု စျေးအဆမတန်တောင်း မှုများဖြစ်ပွားနေခြင်းဖြစ်ကြောင်း သင်္ကန်းကျွန်းမြို ့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဆိုသည်။
လတ်တလောတွင် တက္ကစီလူခေါ်ပွဲစားများကို နယ်မြေရဲများနှင့် စည်ပင်ရဲများမှ ခေါ်ယူသတိပေးခြင်း၊ ပညာပေးခြင်းတို ့ကို ဆောင်ရွက်နေပြီး လိုက်နာမှုမရှိသူများကို စခန်းကြီးကြပ်ရေးကော်မတီ၏ စီမံခန် ့ခွဲမှုဖြင့် ဒဏ်ကြေး ရိုက်ခြင်းများပြုလုပ်လျှက်ရှိကြောင်းသိရသည်။
ထို့အပြင် ဒဏ်ငွေမဆောင်နိုင်သူများကို မင်္ဂလာဒုံမြို ့နယ်ရဲစခန်းကို ပို ့ဆောင်ပြီးအရေးယူလျက်ရှိကြောင်းလည်းသိရသည်။