ဆိုင်ကယ်ထုတ်လုပ်မှုအမြတ်ငွေ တဝက်ကို ပရဟိတလုပ်မယ်လို့ ဝေဠုကျော်ပြော

ဆိုင်ကယ်ထုတ်လုပ်မှုအမြတ်ငွေ တဝက်ကို ပရဟိတလုပ်မယ်လို့ ဝေဠုကျော်ပြော

ရန်ကုန် နိုဝင်ဘာ ၂၁ ။            ။ ပရဟိတသမား၊ သရုပ်ဆောင် ဝေဠုကျော်က သူ့နာ မည် အတိုကောက်ဖြစ်တဲ့ (WLK) ဆိုတဲ့ အမှတ် တံဆိပ်နဲ့ ဆိုင်ကယ်တွေထုတ်ပြီး ရောင်းချနေပါ တယ်။

(WLK) ဆိုတဲ့ အမှတ် တံဆိပ်နဲ့ ဆိုင်ကယ်တွေ ရောင်းချရတဲ့ အမြတ်ထဲက တစ်ဝက်ကို ပရဟိတ လုပ်ငန်းအတွက် ပြန်သုံးမယ်လို့ လည်းသိရပါတယ်။

တရုတ်နိုင်ငံမှာ ကုမ္ပဏီမှတ်ပုံတင်ထားတဲ့ 110 ဆိုင်ကယ်အမျိုးအစားနဲ့ 125 ဆိုင်ကယ် အမျိုး အစားတွေကို ပြည်တွင်းမှာပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။နိုဝင်ဘာ ၁၉ ရက်ကတည်းက ဧရာဝတီတိုင်းဒေသ ကြီးမှာ စတင်ပြီး ရောင်းချပေးနေတယ်လို့ ဝေဠုကျော်ရဲ့ ဖခင်လည်းဖြစ်၊ ဝေဠုကျော်ဖောင်ဒေး ရှင်းကို တာဝန်ယူလုပ်ကိုင်နေသူလည်းဖြစ်တဲ့ ဦးစိုးသိမ်းက မဇ္ဈိမကို ပြောပါတယ်။

" အဲဒီဆိုင်ကယ်တွေကို ဧရာဝတီတိုင်းအတွက် Show Room က ညောင်တုန်းမှာ ရှိတယ်၊ ညောင် တုန်းမြို့က ခြင်္သေ့မြန်မာဆိုတဲ့ Show Room မှာ စပြီး ရောင်းနေပြီ၊ အဲဒီမှာ အစီး ၁၂၀ ရောက်နေပြီ၊ ကိုယ်စားလှယ်တွေလည်း ချိတ်ဆက်ကမ်းလှမ်းနေ ပြီ၊ အခြားတိုင်းနယ်ပြည်နယ်မြို့တွေမှာလည်း ရောင်းချနိုင်အောင်ကြိုးစားသွားမယ်" ဟု ဦးစိုးသိမ်း က ပြောပါတယ်။

ဒါ့အပြင် ဆိုင်ကယ်တွေဟာ လိုင်စင်ပါပြီးသားဖြစ် ပြီး၊ ကျပ်ငွေ ရ သိန်းဝန်းကျင်နဲ့ လက်ငင်းစနစ်ရော လစဉ်ငွေပေးချေမှုစနစ်နဲ့ပါ ရောင်းချပေးနေတယ် လို့ သိရပါတယ်။

" လူလတ်တန်းစား အကုန်စီးလို့ရအောင် လုပ်ပေး မယ်၊ ရတဲ့အကျိုးအမြတ်ထဲက တဝက်ကို ပရဟိတ လုပ်ငန်းအတွက် ပြန်သုံးမယ်၊ ဝေဠုကျော်ဆိုင်ကယ် စီးရင်း ကုသိုလ်ယူလို့ရတယ်”လို့ သရုပ်ဆောင် ဝေဠုကျော်က ပြောပါတယ်။

ဒီဆိုင်ကယ်တွေထုတ်လုပ်ဖို့အတွက် ဝေဠုကျော် ကိုယ်တိုင် တရုတ်နိုင်ငံကို သွားရောက်လေ့လာပြီး၊ ဆိုင်ကယ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

" ဆိုင်ကယ်အင်ဂျင်သတ္တုမှာလည်း ဝေဠုကျော်က သူ့နာမည် အတိုကောက်ဖြစ်တဲ့ (WLK) ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားတာ၊ ဒီအင်ဂျင်တွေ က တရုတ်မှာလည်း လူသုံးများတဲ့ကြံ့ခိုင်တဲ့ အင်ဂျင်အရည်အသွေးတွေပါ၊ မြန်မာပြည်တွင်း ကျေးလက်ဒေသတွေလည်း အကြမ်းစီးလို့ရအောင် လုပ်ထားတာ၊ ဆိုင်ကယ်ဝယ်စီးရင်း ပရဟိတလုပ် ငန်းအတွက်လည်း လှူပြီးသားဖြစ်တာပေါ့" လို့ ဦးစိုးသိမ်းက ပြောပါတယ်။

ဝေဠုကျော်ဟာ အရင်ကလည်း သူ့နာမည်နဲ့ တိုင်း ရင်းဆေးနဲ့အလှအပရေးရာ ကုန်ပစ္စည်းအချို့လည်း ထုတ်ဝေခဲ့ဖူးပါတယ်။ အဲဒီက ရလာတဲ့အကျိုး အမြတ်တွေထဲကလည်း ပရဟိတ လုပ်ငန်းတွေ အတွက် ခွဲဝေအသုံးပြုခဲ့ဖူးပါတယ်။

ဝေဠုကျော်ဖောင်းဒေးရှင်းဟာ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ စစ်ဘေး စတဲ့ အကူအညီလိုအပ်နေသူ တွေကို လိုအပ်သလို လူအင့်အား၊ ငွေအင့်အားက အစ အကူအညီတွေ ထောက်ပံ့ပေးလျက် ရှိပါ တယ်။

ပရဟိတသမား သရုပ်ဆောင် ဝေဠုကျော်ဟာ လက်ရှိအချိန်မှာ ဒါရို်က်တာ မောင်မောင်မြင့်လွင် ရိုက်ကူးထားတဲ့ ဘက်ကီးရုပ်ရှင်ဇာတ်ကားနဲ့ အိန္ဒိယဒါရိုက်တာ ရိုက်ကူးထားတဲ့ မကြာမီမျှော် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ၂ ကား ရိုက်ကူးထား တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ စိုးသိမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly