မန်ယူကို မည်ကဲ့သို့ အနိုင်ယူကျော်ဖြတ်ရမည်ကို မသိတော့ဟု ကလပ်ဘရုချ်နည်းပြဆို

မန်ယူကို မည်ကဲ့သို့ အနိုင်ယူကျော်ဖြတ်ရမည်ကို မသိတော့ဟု ကလပ်ဘရုချ်နည်းပြဆို

မန်ချက်စတာ၊ သြဂုတ် ၁၉ ။      ။ အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် Play Off ပထမအကျော့ပွဲစဉ်တွင် မန်ယူအသင်းသည် ဘယ်လ်ဂျီယံကလပ် ကလပ်ဘရုချ်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုပွဲစဉ်အပြီးတွင် ကလပ်ဘရုချ်အသင်းနည်းပြ မီရှဲလ်ပရီဒန်က ဒုတိယအကျော့တွင် မန်ယူအသင်းကို ကျော်ဖြတ်နိုင်မည့်နည်းလမ်းကို မသိရှိတော့ကြောင်း ပြောသည်။

ထိုပွဲစဉ်တွင် မန်ယူအသင်းသည် ကာရစ်၏ ကိုယ့်ဂိုးကိုယ်သွင်းခဲ့မှုကြောင့် ကလပ်ဘရုချ်အသင်း၏ ဦးဆောင်မှုကို ခံခဲ့ရသော်လည်း ဒီပေးကနှစ်ဂိုး ဖယ်လိုင်နီကတစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့သည်။ ထို့အပြင် ပွဲချိန်မိနစ် ၈၀ တွင် ကလပ်ဘရုချ်မှ နောက်ခံလူ ဘရန်ဒန်မီရှဲလ်ထုတ်ပယ်ခံခဲ့ရသည်။

'အိမ်ကွင်းမှာ အခွင့်အရေးအနည်းငယ်တော့ ရှိပါသေးတယ်။ ဒါပေမဲ့ အလွန်ကို ခက်ခဲတဲ့ အနေအထားပါ။ အစွမ်းရှိသလောက်တော့ ကြိုးစားသွားမှာပါ။ ဒါပေမဲ့ ဒုတိယအကျော့မှာ အဓိက ကစားသမား အများအပြား ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

အသင်းခေါင်းဆောင်ပါနိုင်မှာ မဟုတ်သလို အဓိကနောက်ခံလူကလည်း ပွဲပယ်ခံထားရပါတယ်။ မန်ယူကို အနိုင်ရနိုင်မယ့်နည်းလမ်းကို ကျွန်တော်တော့ မမြင်မိပါဘူး' ဟု ကလပ်ဘရုချ်နည်းပြ မီရှဲလ်ပရီဒန် ကပြောသည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly