မန်စီးတီးကို ဘာစီလိုနာလက်သစ်ဖြစ်အောင် ဂွာဒီယိုလာပြောင်းလဲပစ်လိမ့်မည်ဟု ရော်နယ်ဒင်ဟိုဆို

မန်စီးတီးကို ဘာစီလိုနာလက်သစ်ဖြစ်အောင် ဂွာဒီယိုလာပြောင်းလဲပစ်လိမ့်မည်ဟု ရော်နယ်ဒင်ဟိုဆို

 

နိုဝင်ဘာ ၂၁၊ မန်ချက်စတာ။ ။                        ။ ဂွာဒီယိုလာအနေဖြင့် ဘာစီလိုနာတွင်နည်းပြစဉ်က လုပ်ဆောင်ခဲ့သကဲ့သို့ မန်ချက်စတာစီးတီးအသင်းတွင်လည်း လုပ်ဆောင် လိမ့်မည်ဟု   ရော်နယ်ဒင်ဟိုကပြောသည်။

စီးတီးအသင်းရလဒ်ကောင်းများရနေခြင်းအပေါ် နူးကမ့်ဂန္ထဝင်ကစားသမားအနေဖြင့် ပရီးမီးယားလိဂ်ကိုသာမက ဥရောပပြိုင်ဘက်များကိုပါ သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

ဥရောပတွင်ပါခြေစွမ်းပြနေသည့် ဂွာဒီယိုလာ၏မန်စီးတီးအသင်းသည် စနေနေ့ကလက်စတာကိုအနိုင်ရခြင်းမှာ ၁၆ ပွဲဆက်အဖြစ် အနိုင်ရခြင်းဖြစ်သည်။ လိဂ်တွင်လည်း အနီးစပ်ဆုံးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ရှစ်မှတ်ဖြတ်ဦးဆောင်ထားသည်။

မန်စီးတီးတွင်လည်း ဘာစီလိုနာတွင်ကဲ့သို့အောင်မြင်မှုမျိုးရနိုင်မည်လားဆိုသည့်မေးခွန်းကို ရော်နယ်ဒင်ဟိုက “ယုံကြည်ပါတယ်။ သူက ကစားသမားဘဝမှာလည်း နည်းစနစ်အရမ်းကြွယ်တယ်။

နည်းပြလုပ်တဲ့အခါမှာလည်း နည်းပြတစ်ယောက်လိုလိုပီပီသသတွေးနိုင်လုပ်နိုင်တယ်။ သူ့မှာနက်နဲတဲ့ဘောလုံးသုတနဲ့ပြည့်စုံပါ တယ်။ သူဘယ်နေရာကိုရောက်ရောက် သာမန်နည်းပြထက်တော့သာတယ်။ ဘောလုံးအကြောင်းပိုနားလည်တယ်”ဟု ပြောသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly