စစ်အုပ်ချုပ်ရေးအောက် ထိုင်းစီးပွားရေးစံချိန်တင် အကောင်းဆုံးဖွံ့ဖြိုး

စစ်အုပ်ချုပ်ရေးအောက် ထိုင်းစီးပွားရေးစံချိန်တင် အကောင်းဆုံးဖွံ့ဖြိုး
၂၀၁၄ မေလအတွင်း အရပ်သားအစိုးရကိုဖြုတ်ချကာ တက်လာသည့် စစ်အစိုးရအနေဖြင့် နိုင်ငံ၏ စီးပွားရေးကို နာလံထူဦးမော့စေမည်ဟု ကတိပြုထားသည်။

ဘန်ကောက်၊ နိုဝင်ဘာ ၂၀ ။         ။ ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအောက် သုံးနှစ်တာကာလအတွင်း စီးပွားရေးအလျင်မြန်အဖွံ့ဖြိုးဆုံး သုံးလတာ စံချိန်တင် ဖွံ့ဖြိုးကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

တစ်ချိန်က အရှေ့တောင်အာရှ၏ စီးပွားရေးစွမ်းအားနိုင်ငံဖြစ်ခဲ့သော ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံရေး ကသောင်းကနင်း ဖြစ်စဉ်များအောက် ရုန်းကန်နေရစဉ် ယခုကဲ့သို့ ထုတ်ပြန်လာနိုင်ခြင်းလည်း ဖြစ်သည်။

၂၀၁၄ မေလအတွင်း အရပ်သားအစိုးရကိုဖြုတ်ချကာ တက်လာသည့် စစ်အစိုးရအနေဖြင့် နိုင်ငံ၏ စီးပွားရေးကို နာလံထူဦးမော့စေမည်ဟု ကတိပြုထားသည်။

ထိုင်းဘုရင်ကြီး ဘူမိဘော၏ စျာပနတော် ကာလရှည်ကြောင့် စီးပွားရေး ထိုင်းမှိုင်းနေစဉ် အိမ်ထောင်စု ကြွေးမြီမြင့်တက်ကာ စားသုံးသူအသုံးစရိတ်လည်း ကျဆင်းနေခဲ့ခြင်း ဖြစ်သည်။

သို့သော် အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့ရုံးက ယခုနှစ်၏ စက်တင်ဘာလအထိ သုံးလတာသည် ယမန်နှစ် အလားတူကာလကထက် စီးပွားရေးဖွံ့ဖြိုးမှု ၄ ဒဿမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

ထို့အတွက် ဘုတ်အဖွဲ့က နိုင်ငံ၏ ယခုနှစ် စီးပွားရေး ဖွံ့ဖြိုးမှုအား ၃ ဒဿမ ၅ ရာခိုင်နှုန်း ခန့်မှန်းထားရာမှ ၄ ဒဿမ ၀ ရာခိုင်နှုန်းသို့ တိုးမြှင့် ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly