အသည်းအစားထိုး ကုသခြင်းအတွက် အခမဲ့ ဆွေးနွေးပွဲ ကျင်းပမည်

အသည်းအစားထိုး ကုသခြင်းအတွက် အခမဲ့ ဆွေးနွေးပွဲ ကျင်းပမည်

 

အသည်းအစားထိုး ကုသခြင်းအတွက် အိန္ဒိယနိုင်ငံမှ ဆရာဝန်ကြီးများပါဝင်သော ဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်များတွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂီလာ ဟော်တယ်တွင် ကျင်းပမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံမှ အသည်းခွဲစိတ် အစားထိုးဆရာဝန်ကြီး Dr.Abhideep Chaudhary၊ ကလေးအသည်းခွဲစိတ် အထူးကုဆရာဝန်ကြီး Dr.Naresh Shanmugan တို့အပြင် ရိုးတွင်းခြင်ဆီနှင့် သွေးရောဂါ အထူးကု ဆရာဝန်ကြီး Dr Basab Bagchi နှင့် အရိုးအကြောခွဲစိတ် အထူးကုဆရာဝန်ကြီး Dr Ankur Nanda တို့ တက်ရောက်မှာဖြစ်ပါတယ်။

“ဒီအစီအစဉ်မှာ အိန္ဒိယအထူးကု ဆရာဝန်ကြီးတွေနဲ့ မြန်မာလူနာတွေ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ကျနော်တို့ စီစဉ်ပေးခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုကုသဖို့ ခက်ခဲတဲ့ရောဂါတွေကို မြန်မာ လူနာတွေကျော်လွှားနိုင်ဖို့ ကျနော်တို့ ကူညီပေးခြင်းဖြစ်ပါတယ်” လို့ ဒီပွဲကို စီစဉ်သူ Ravindra Jin (Chief Executive Officer, Win Sammering) က ပြောပါတယ်။

ဒီအစီအစဉ်ကို နှစ်ရက်တာကျင်းပမည်ဖြစ်ပြီး မနက် ၁၀နာရီမှ ၁၂ နာရီ အထိသတ်မှတ်ထားပါတယ်။ နိုဝင်ဘာ ၂၄ ရက်မှာ အသည်းခွဲစိတ် အစားထိုးဆရာဝန်ကြီး Dr.Abhideep Chaudhary နဲ့ သွေးရောဂါ အထူးကု ဆရာဝန်ကြီး Dr Basab Bagchi တို့က ဆွေးနွေးကြမှာဖြစ်ပါတယ်။ ၂၅ ရက်နေ့မှာတော့ ကလေးအသည်းခွဲစိတ် အထူးကုဆရာဝန်ကြီး Dr.Naresh Shanmugan နဲ့ အရိုးအကြောခွဲစိတ် အထူးကုဆရာဝန်ကြီး Dr Ankur Nanda တို့က ဆွေးနွေးကြမှာပါ။

“မြန်မာပြည်သူများအနေနဲ့ အိန္ဒိယဆေးရုံများသို့ သွားရောက်ပြီး အဆင့်မြင့်သော ကုသမှုများကို သင့်တင့်သက်သာသော နှုန်းထား၊ ထိရောက်သောကုသနည်းများဖြင့် ကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ အသည်းရောဂါ ခံစားနေရတဲ့သူတွေ၊ ရိုးတွင်းခြင်ဆီနဲ့ သွေးရောဂါ ခံစားနေရတဲ့သူတွေကို အသိပညာပေးလိုပါတယ်” လို့ Ravindra Jin က ပြောပါတယ်။

ဒါ့အပြင် “တက်ရောက်လာကြတဲ့သူတွေကို မုန့်၊ ကော်ဖီသို့မဟုတ် လက်ဖက်ရည်များနှင့် ဧည့်ခံမှာဖြစ်ပါတယ် နေရာ အကန့်အသတ်ရှိတဲ့အတွက် ကျနော်တို့နံပါတ် (အင်္ဂလိပ်ဘာသာ - ၀၉၉၇၇၁၁၇၁၄၀၊ မြန်မာဘာသာ ၀၉၂၅၄၆၂၁၂၄၄) ကို တတ်နိုင်သမျှ အမြန်ဆုံးခေါ်ဆိုပြီး စာရင်းပေးသွင်းနိုင်ပါတယ်။ ဆရာဝန်တွေနဲ့ တိုက်ရိုက် တွေ့ဆုံပြီး သိလိုသမျှမေးခွန်းတွေကို မေးမြန်းနိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ ဒီအစီအစဉ်တစ်ခုလုံးအတွက် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံတာမျိုးမရှိပါဘူး။ အခမဲ့စီစဉ်ပေးတာဖြစ် ပါတယ်” လို့လည်း Ravindra Jin ကပြောပါတယ်။

ဒီကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၊ FICCI, SEPS, 4R Consultancy Yangon Myanmar နဲ့ Win Sammering တို့က ပူးပေါင်း စီစဉ်တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly