အိန္ဒိယကျေးလက်ဒေသ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အကျိုးပြု သီချင်းဆိုမယ့် ရင်ဂို

အိန္ဒိယကျေးလက်ဒေသ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အကျိုးပြု သီချင်းဆိုမယ့် ရင်ဂို

အိန္ဒိယနိုင်ငံရဲ့ကျေးလက်ဒေတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေး အိမ်သာအသုံးပြုမှုအားနည်းနေသေးတဲ့ အတွက်ကြောင့် အကျိုးပြုသီချင်းကို သီဆိုသွားဖို့ရှိတယ်လို့ အဆိုတော် ရင်ဂိုက ပြောပါတယ်။

"အကျိုးပြုသီချင်းလေးပေ့ါ။အကျိုးပြုသီချင်းဆိုပေမယ့် အဖွဲ့လိုက်ဆိုရမှာဆိုတော့ သမီးက (AOR) ကျောင်းလုပ်ထားတော့ ကလေးတွေရော လူကြီးတွေရောပေါင်းပြီး ဒီသီချင်းကို ဆိုပေးပါ၊  ရေးပေးပါဆိုပြီးပြောတာ အော်ရယ်ဂျင်နယ်က အိန္ဒိယ စာသား အန္ဒိယသံစဉ် " လို့ ရင်ဂိုက ပြောပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များကလည်း အိန္ဒိယနိုင်ငံရဲ့ကျေးလက်ဒေတွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးပြုတက်ဖို့အကျိုးပြုသီချင်းကို ဆိုထားပြီဖြစ်တယ်လို့လည်း သိရပါတယ်။

"တရုတ်ပြည်က တရုတ်ဘာသာနဲ့ ပြန်တယ်။ သံစဉ်ကတော့အိန္ဒိယသံစဉ်၊ တီးလုံးလည်း အိန္ဒိယက ပေးတယ်။ ဒီက မြန်မာစာသားထည့်၊ တရုတ်ပြည်က တရုတ်စာထည့် ၊ အင်္ဂလိပ်က အင်္ဂလိပ်စာသာထည့် ၊ မလေးရှားက မလေးရှားဘာသာနဲ့ထည့်ပြီး ဆိုကြတာ။  ၁၀နိုင်ငံကျော်ပြီလို့ပြောတယ်။ အားလုံးဝိုင်းကူညီကြတာပေ့ါ" လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ်ဟောင်း ရှရီ နာရင်ဒရာ မို ဒီ ပြောကြားခဲ့တဲ့ " သန့်ရှင်းကျန်းမာ ဒို့အိန္ဒိယမှာ " ဆိုတဲ့ ဆောင်ပုဒ်ကို ယူပြီး ဆူလာဘ် ရှော်ချလေ ဆိုတဲ့အဖွဲ့ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ဟာ  အိန္ဒိယနိုင်ငံရဲ့လူနေမှုအဆင့်အတန်းမြင့်မားဖို့အတွက်နဲ့ တစ်နိုင်ငံလုံး ရေလောင်းအိမ်သာ သုံးစွဲဖို့ ကို ကျေးလက်တွေအထိသွားပြီး ပညာပေးမှုတွေလုပ်ဆောင်ခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly