ဒီဇင်ဘာလတွင် ဒုတိယမြောက် တစ်ကိုယ်တော်အယ်ဘမ် ထွက်ရှိမည့် အဆိုတော် X-Box

ဒီဇင်ဘာလတွင် ဒုတိယမြောက် တစ်ကိုယ်တော်အယ်ဘမ် ထွက်ရှိမည့် အဆိုတော် X-Box

ရန်ကုန် ၊ နိုဝင်ဘာ ၂၀ ။         ။ ပရိသတ်ကြား အောင်မြင်မှု ရရှိနေသည့် အဆိုတော် X-Box သည် ၎င်း၏ ဒုတိယမြောက် 99 ဟု အမည်ပေး ထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ် ကို ဒီဇင်ဘာလ တတိယပတ်ထဲတွင် ထွက်ရှိနိုင်ရန် ပြင်ဆင်နေ သည်။

အဆိုတော် X-Box ၏ 99 တစ်ကိုယ်တော် တေးအယ်ဘမ်ကို MBC (Myanmar Broadcasting) ကုမ္ပဏီ မှ ထုတ်လုပ်ဖြန့်ချိမည် ဖြစ်ပြီး အဆိုတော် X-Box ၏ ပထမ တစ်ကိုယ်တော်   တေးအယ်ဘမ် ဖြစ်သည့် 9 DVD တေးအယ်ဘမ်ကိုလည်း MBC Pictures (Myanmar Broadcasting) ကုမ္ပဏီမှ ထုတ်လုပ်ဖြန့်ချိခဲ့ခြင်း ဖြစ် သည်။

ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်တွင် တေးသီချင်း အားလုံး ကိုယ်တိုင် ရေးသားထားပြီး အဆိုတော် သိန်းလင်းစိုး ရေးသား ပေးထားသည့် တေးသီချင်း တစ်ပုဒ်လည်း ပါ၀င်မည် ဖြစ်ကာ featuring ပါ၀င် သီဆို ပေးထားသည့် အဆိုတော်များလည်း ပါ၀င်မည် ဖြစ်သည်။

တေးသီချင်း ပုဒ်ရေ စုစုပေါင်း ၁၄ပုဒ် ပါ၀င်မည် ဖြစ်ကာ အချစ်သီချင်း အနည်းအကျဉ်းသာ ပါ၀င်မည် ဖြစ်ပြီး ပထမ တစ်ကိုယ်တော် တေးအယ်ဘမ် နှင့် မတူညီသည့် သစ်လွင်သည့် Hip Hop တေးသီချင်းများ ပါ၀င်မည် ဖြစ်သည်။

အဆိုတော် X-Box သည် ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ်ကို ပရိုမိုးရှင်းပွဲ ကျင်းပပြုလုပ်ခြင်း မရှိဘဲ ၎င်း၏ ပရိသတ်များ အတွက် 99 Hardcore Party ဟု အမည်ပေးထားသည့် ပွဲတစ်ခုကို ဇန်နဝါရီလတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

အဆိုတော် X-Box သည် ၂၀၁၇ ခုနှစ်ထဲတွင် MBC (Myanmar Broadcasting) ကုမ္ပဏီဖြင့် ရုပ်ရှင်ဇာတ်ကား ၊ ဗီဒီယို ဇာတ်ကားကို ရိုက်ကူးရန် စာချုပ်ချုပ် ဆိုထားပြီး လက်ရှိတွင် OPPO Smart Phone ကုမ္ပဏီ၏ Ambassador အဖြစ် ခန့်အပ်ခြင်း ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly