AC/DC အဖွဲ့မှ နာမည်ကျော်ဂစ်တာသမားကြီး မယ်လ်ကွန်ယန်း အသက် ၆၄ နှစ်အရွယ်၌ကွယ်လွန်

AC/DC အဖွဲ့မှ နာမည်ကျော်ဂစ်တာသမားကြီး မယ်လ်ကွန်ယန်း အသက် ၆၄ နှစ်အရွယ်၌ကွယ်လွန်

 

သြစတြေးလျနိုင်ငံမှ ကမ္ဘာကျော်ရော့ခ်ဂီတဝိုင်း AC/DC ၏ အဖွဲ့ဝင်ဂစ်တာသမားကြီး မယ်လ်ကွန်ယန်းသည် ဦးနှောက်ထိခိုက်ဒဏ်ရာရောဂါကို ကာလရှည်ကြာခံစားခဲ့ရပြီးနောက် အသက် ၆၄ နှစ်အရွယ်၌ ကွယ်လွန်ခဲ့ သည်။

သူသည် ပြီးခဲ့သောစနေနေ့က သူ၏မိသားစုအနီးအနား၌ ငြိမ်းချမ်းစွာကွယ်လွန်သွားခဲ့ကြောင်း တာဝန်ရှိသူ များက ထုတ်ပြန်ကြေညာခဲ့သည်။

ဆစ်ဒနီအခြေစိုက် ကမ္ဘာကျော်ရော့ခ်ဂီတအဖွဲ့ AC/DC အဖွဲ့ကြီးအား ပရိသတ်များက သည်းသည်းလှုပ်အားပေး ခဲ့စဉ်ကတည်းက မယ်လ်ကွန်သည် သူ၏စည်းချက်ဂစ်တာတီးကွက်များနှင့်အတူ လူသိများခဲ့သူဖြစ်သည်။

မယ်လ်ကွန်အပါအဝင် သူ၏ညီဖြစ်သော လျှပ်စစ်ဂီတာသမားအန်းဂတ်စ်ယန်းနှင့် အောက်တိုဘာလက ကွယ်လွန်ခဲ့သော သူ၏အကိုဖြစ်သူ ထုတ်လုပ်သူဂျော့ယန်းတို့မှာ AC/DC အဖွဲ့၏အောင်မြင်မှုသမိုင်းကို အဓိကရေးထိုးခဲ့သော ညီအစ်ကိုသုံးဦးဖြစ်ကြသည်။

“သူ့ရဲ့ဂီတစွမ်းပကားတွေကြောင့် လူသိများလှသလို မယ်လ်ကွန်ဟာ သီချင်းရေးဆရာ၊ ဂစ်တာသမား၊ ဖျော်ဖြေ တင်ဆက်သူနဲ့ ထုတ်လုပ်သူတစ်ဦးလည်းဖြစ်ခဲ့ပါတယ်” ဟု သူ၏ကွယ်လွန်မှုနှင့်ပက်သက်၍ ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ ဖော်ပြထားသည်။

မယ်လ်ကွန်ယန်း၏မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများ၊ ပရိသတ်များသည် လူမှုမီဒီယာများပေါ်၌ သူ၏ ကွယ်လွန်မှုနှင့်ပက်သက်၍ ရည်စူးဂုဏ်ပြုမှုများ ပြုလုပ်ခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly