အင်တာမီလန်ကွင်းလယ်လူ ကိုဗာဆစ်ကို ရီးယဲလ်ခေါ်ယူ

အင်တာမီလန်ကွင်းလယ်လူ ကိုဗာဆစ်ကို ရီးယဲလ်ခေါ်ယူ

မက်ဒရစ်၊ သြဂုတ် ၁၉ ။          ။ ရီးယဲလ်အသင်းသည် ခရိုအေးရှားကွင်းလယ်တိုက်စစ်ကစားသမား မက်တီယိုကိုဗာဆစ်ကို ခေါ်ယူရန် အင်တာမီလန်အသင်းနှင့် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ကိုဗာဆစ်ကို ခေါ်ယူရန်သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ရီးယဲလ်အသင်း၏ တရားဝင်ဝက်ဘ်ဆိုက်မှ ကြေညာခဲ့သည်။ ပြောင်းရွှေ့ကြေးကိုမူ နှစ်ဖက်အသင်းက ဖော်ပြခြင်း မရှိခဲ့ပေ။

ကိုဗာဆစ်သည် စပိန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီတွင် ဘာနေဗျူးကွင်း၌ ဆေးစစ်မှုခံယူမည်ဖြစ်ပြီး ရီးယဲလ်ဂျာစီနှင့်အတူ မီဒီယာများ၊ ပရိသတ်များနှင့် တွေ့ဆုံမည် ဖြစ်သည်။ ရီးယဲလ်အသင်း သည် ကိုဗာဆစ်ကို ခြောက်နှစ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

၂၀၁၃ ခုနှစ်က ဒိုင်နမိုဇာဂရက်စ်အသင်းမှ အင်တာမီလန်သို့ ပြောင်းရွှေ့ခဲ့သည့် ကိုဗာဆစ်သည် မီလန်မြို့ခံအသင်းအတွက် ၉၇ ပွဲ ပါဝင်ကစားခဲ့ကာ ရှစ်ဂိုးသွင်းယူပြီး ၁၁ ဂိုးဖန်တီးပေးခဲ့သည်။ ခရိုအေးရှား လက်ရွေးစင်အသင်းအတွက် ၂၁ ကြိမ် ပါဝင်ကစားထားပြီး ရီးယဲလ်တွင် နိုင်ငံအသင်းဖော် မိုဒရစ်နှင့် တွဲဖက်ကစားရမည် ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly