ဘောလုံးဖျက်ထုတ်ခြင်းအတွက် အထူးတလည် လေ့ကျင့်သင်ကြားထားခြင်းမရှိဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဆို

ဘောလုံးဖျက်ထုတ်ခြင်းအတွက် အထူးတလည် လေ့ကျင့်သင်ကြားထားခြင်းမရှိဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဆို

နိုဝင်ဘာ ၂၀၊ အင်္ဂလန် ။          ။ ပြိုင်ပွဲပေါင်းစုံတွင် ၁၀ ပွဲအထိ ဂိုးပေးရခြင်း မရှိသော်လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အသင်းကို ဘောလုံးဖျက်ထုတ်မှုအတွက် အထူးတလည်လေ့ကျင့်သင်ကြားထားခြင်း မရှိကြောင်း ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းက လက်စတာအသင်းကို ၀-၂ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လက်စတာအသင်းမှာ မန်စီးတီးဂိုးပေါက်ကို သေချာပေါက်ကန်သွင်းခွင့်တစ်ကြိမ်သာ ရရှိခဲ့သည်။

“ဂိုးမပေးရဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ ဘောလုံးဖျက်ထုတ်မှုအတွက် အထူးတလည် လေ့ကျင့်တာမျိုးမရှိပါဘူး။ ဘောလုံးပိုင်ဆိုင်မှုရယူပြီး ခံစစ်ကောင်းမွန်ဖို့ကိုပဲ လေ့ကျင့်ပါတယ်” ဟု ဂွါဒီယိုလာက ပြောသည်။

ထို့အပြင် ဂွါဒီယိုလာက သူ၏ဘောလုံးအမြင်အချို့ကို ရှင်းပြခဲ့သည်။ “ဘောလုံးအလွယ်တကူ ဆုံးရှုံးသွားရင် တစ်ဖက်အသင်းကို တန်ပြန်တိုက်စစ်ဆင်ခွင့်ပေးရပါလိမ့်မယ်။ ရိုးရိုးရှင်းရှင်းဘောလုံးပေးပို့မှုတွေကို မြန်မြန်ဆန်ဆန်လုပ်တာက အကောင်းဆုံးပါပဲ။ ကစားသမားတွေက လှပတဲ့ဖန်တီးမှုတွေ လုပ်ချင်ကြပါတယ်။ ဒါက အရေးမကြီးပါဘူး။ အဲ့ဒီလိုပုံစံနဲ့ကစားမယ်ဆိုရင် ပွဲကိုလည်း စိုးမိုးနိုင်မှာ မဟုတ်ပါဘူး” ဟု ဂွါဒီယိုလာက ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly