ဆင်းရဲနွမ်းပါးသူများအပေါ် ဥပက္ခာ ပြုထားကြခြင်းအား တိုက်ဖျက်ရန် ပုပ်ရဟန်းမင်းကြီး ဆော်သြ

ဆင်းရဲနွမ်းပါးသူများအပေါ် ဥပက္ခာ ပြုထားကြခြင်းအား တိုက်ဖျက်ရန် ပုပ်ရဟန်းမင်းကြီး ဆော်သြ

 

ဗာတီကန်၊ နိုဝင်ဘာ ၂၀ ။            ။ ကက်သလစ်ဘုရားကျောင်းက သတ်မှတ်သည့် ပထမဆုံး ကမ္ဘာ့ဆင်းရဲနွမ်းပါးသူများနေ့တွင် ဆင်းရဲသားများအပေါ် စိတ်ဝင်စားမှု မရှိကြခြင်းအား တိုက်ဖျက်ကြရန် ပုပ်ရဟန်းမင်းကြီးက နိုဝင်ဘာ ၁၉ ရက်တွင် ဆော်သြသည်။

ရောမတွင် ကျင်းပသော အဆိုပါ နေ့အခမ်းအနားသို့ ဆင်းရဲနွမ်းပါးသူ ရ၀၀၀ နီးပါးသည် စိန့်ပီတာဘာစီလီကာ ဘုရားကျောင်းသို့ တက်ရောက်ခဲ့ကြရာတွင် ပုပ်ရဟန်းမင်းကြီးက “လူများအနေဖြင့် ဆင်းရဲသားများအပေါ် ဥပက္ခာ မျက်ကွယ် မပြုသင့်ကြောင်း၊ ဒါသည် ကျွနု်ပ်တစ်ဦးတည်း၏ အလုပ်မဟုတ်ဘဲ လူအဖွဲ့အစည်းတစ်ရပ်လုံး၏ ဝတ္တရားဖြစ်ကြောင်း” ပြောဆိုတိုက်တွန်းသည်။

“ကျွနု်ပ်တို့မှာ ပင်ကိုယ်စွမ်းရည် ပိုင်ဆိုင်ကြတယ်။ ဘုရားသခင်ရဲ့ ချီးမြှောက်မှုအောက်မှာ ရှိနေတယ်။ အကျိုးဆက်အနေနဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမျှ သူကိုယ်ကို သုံးစားမရသူလို့ မထင်ကြရဘူး။ ဒါကြောင့် တစ်ခြားသူအတွက် စွမ်းဆောင်မှု တစ်ခုခု မပေးနိုင်အောင် ဆင်းရဲနေသူတွေလို့ မထင်ကြရဘူး။”ဟု ၎င်းက ဆိုသည်။

လူဘဝတွင် ဘာအမှားမျှ မလုပ်ခဲ့ဘူးဆိုသည်မျိုးနှင့်လည်း မလုံလောက်ကြောင်း၊ ကူညီရိုင်းပင်းမှု ရှိကြရမည်ဖြစ်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောသည်။

ထို ပထမဆုံး ကမ္ဘာ့ဆင်းရဲနွမ်းပါးသူများနေ့ အထိမ််းအမှတ်ကို ပုပ်ရဟန်းမင်းကြီးက ဗာတီကန်တွင် ခိုကိုးရာမဲ့ ဆင်းရဲနွမ်းပါးသူ ၁၅၀၀ နှင့် ဆင်နွှဲခဲ့ကြာခင်းဖြစ်ကာ အခြားနေရာများတွင် ဆင်နွှဲသူပေါင်း ၂၅၀၀ ခန့်ရှိသည်။

ယင်းနေ့အခမ်းအနားကို အီတလီက ခရစ်ယာန်ဘုရားကျောင်းများနှင့် ကမ္ဘာ့အခြားနေရာများတွင်လည်း ကျင်းပသည်။

ပုပ်ရဟန််းမင်းကြီးသည် လူမှုလောကီရေးရာတွင် ဆင်းရဲချမ်းသာ ကွာဟမှုအား ပြောဆိုလေ့ရှိကာ အစိုးရများအားလည်း လူ့အသိုင်းအဝိုင်း ကွာဟချက်အတွက် အာရုံစိုက်လုပ်ဆောင်မှု မရှိခြင်းအပေါ် တိုက်ရိုက်ဝေဖန်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly