ဂျွန်စတုန်း၏ ဒဏ်ရာအတွက် အင်္ဂလန်အသင်းကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ အပြစ်တင်

ဂျွန်စတုန်း၏ ဒဏ်ရာအတွက် အင်္ဂလန်အသင်းကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ အပြစ်တင်

နိုဝင်ဘာ ၁၉၊ အင်္ဂလန် ။         ။ အသင်း၏ အဓိကနောက်ခံလူ ဂျွန်စတုန်း တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းနှင့် ပတ်သက်၍ မန်စီးတီးနည်းပြ ဂွါဒီယိုလာက အင်္ဂလန်အသင်းကို ပြစ်တင်ပြောဆိုလိုက်သည်။

လက်စတာအသင်းကို မန်စီးတီးအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂျွန်စတုန်းသည် မည်သူနှင့်မှထိခိုက်ခြင်းမရှိခဲ့ပဲ တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းကို နောက်ခံလူမန်ဂါလာနှင့် လူစားလဲခဲ့ရသည်။ ထိုဒဏ်ရာကြောင့် ဂျွန်စတုန်းမှာ လေးပတ်မှ ခြောက်ပတ်အထိ အနားယူရတော့မည်ဖြစ်ကြောင်း ဂွါဒီယိုလာကဆိုသည်။

ဂျွန်စတုန်းယခုကဲ့သို့ ဒဏ်ရာရရှိခဲ့ခြင်းမှာ အင်္ဂလန်အသင်းက ချစ်ကြည်ရေးခြေစမ်းပွဲ ၂ ပွဲစလုံးတွင် ပွဲချိန်ပြည့်အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဂွါဒီယိုလာက စွပ်စွဲပြောဆိုလိုက်သည်။

“ဘောလုံးပွဲစဉ်တွေအနေအထားအရ ကျွန်တော်တို့ဟာ ကစားသမားတွေဆီကနေ အများကြီးတောင်းဆိုကြရပါတယ်။ ဖီဖာကလည်း အများကြီးတောင်းဆိုပါတယ်။ ဒါက ကစားသမားတွေကို ကြံ့ခိုင်လန်းဆန်းနေစေဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ဂွါဒီယိုလာက ဆိုသည်။

သို့သော် ဂွါဒီယိုလာက အင်္ဂလန်နည်းပြဆောက်ဂိတ်အနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားတွင် အင်္ဂလန်အသင်းကို အကောင်းဆုံးဖြစ်စေရန် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်ကို နားလည်ကြောင်း ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly