ပေါ့ဂ်ဘာမှာ ခြားနားသည့်အဆင့်တစ်ခု ဖန်တီးနိုင်သူဟု မန်ယူနည်းပြမော်ရင်ဟို ချီးကျူး

ပေါ့ဂ်ဘာမှာ ခြားနားသည့်အဆင့်တစ်ခု ဖန်တီးနိုင်သူဟု မန်ယူနည်းပြမော်ရင်ဟို ချီးကျူး

နိုဝင်ဘာ ၁၉၊ အင်္ဂလန် ။            ။ ပြင်သစ်ကွင်းလယ်ကစားသမားပေါ့ဂ်ဘာမှာ ခြားနားသည့်အဆင့်တစ်ခုဖန်တီးနိုင်သူဖြစ်ကြောင်း မန်ယူနည်းပြမော်ရင်ဟိုက ချီးကျူးပြောဆိုလိုက်သည်။

တံကောက်ကြောဒဏ်ရာကြောင့် စက်တင်ဘာလကတည်းက အနားယူနေခဲ့ရသည့် ပေါ့ဂ်ဘာသည် မန်ယူ ၄-၁  နယူးကာဆယ်ပွဲတွင် ပထမဆုံးပြန်လည်ပါ၀င်ကစားခဲ့ပြီး တစ်ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးခဲ့သည်။

“ပေါ့ဂ်ဘာဆီကနေ တကယ်ကောင်းတဲ့စွမ်းဆောင်ရည်ကို ရရှိခဲ့တာပါ။ ပေါ့ဂ်ဘာက ခြားနားတဲ့အဆင့်တစ်ခုရှိတဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ကစားပုံက အသင်းကို အများကြီးအကျိုးသက်ရောက်မှု ရှိစေပါတယ်။ ပေါ့ဂ်ဘာ ပြန်လည်ပါ၀င်လာတာက ကစားပွဲအပေါ်မှာလည်း များကြီးလွှမ်းမိုးနိုင်ပါတယ်။

ပေါ့ဂ်ဘာနဲ့မာတစ်တို့ဟာ ရာသီအစကတည်းက တွဲဖက်ကစားခဲ့ကြပြီး အသင်းရဲ့ကစားပုံက တိုးတက်လာခဲ့ပါတယ်။ သူတို့က အသင်းရဲ့အင်ဂျင်တွေပါပဲ” ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags