စျေးသက်သက်သာသာနဲ့ လူတိုင်းသုံးနိုင်မယ့် 4G အင်တာနက်

စျေးသက်သက်သာသာနဲ့ လူတိုင်းသုံးနိုင်မယ့် 4G အင်တာနက်

မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၃ သန်းကျော်မှာ Sim Card အသုံးပြုသူ ၅၄ သန်းရှိနေပါပြီ။ နိုင်ငံအဝှမ်းလူဦးရေနဲ့ ယှဉ်လိုက်ရင် ၁၀၀ ရာခိုင်နှုန်းကျော် Sim Card ကဒ် အသုံးပြုနေတဲ့ သဘောဖြစ်ပါတယ်။ ဒီအရေအတွက်ဟာ လူတွေရဲ့ဘဝမှာ ဖုန်းလေးတစ်လုံးကတော့ မရှိမဖြစ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

ဆိုတော့ လူတိုင်းသုံးနေတဲ့ ဖုန်းနဲ့အတူ တွဲပါလာတာကတော့ အင်တက်နက် အသုံးပြုခွင့်ဖြစ်ပါတယ်။ မြန်မာ့ အင်တာနက် ခေတ်ဦးမှာတော့ အင်တာနက်အသုံးပြုခွင့်ဟာ အင်မတန်မှ စျေးကြီးပြီး နှေးကွေးလွန်းတဲ့ မြန်နှုန်းပါပဲ။ ဒီနေ့ ဒီအချိန်မှာတော့ စျေးသက်သက်သာသာနဲ့ လူတိုင်းသုံးနိုင်မယ့် 4G အင်တာနက် ပေါ်ထွက်လာပါပြီ။

မြန်မာနိုင်ငံက ဆက်သွယ်ရေး အော်ပရေတာတွေကလည်း အင်တာနက် အသုံးပြုမှုအပေါ်မှာ ကောက်ခံတဲ့ အခကြေးငွေကို နည်းအမျိုးမျိုး ပုံစံအသွယ်သွယ် သူ့ထက်ငါအပြိုင် အမျိုးမျိုးသော စျေးတွေနဲ့ ဝန်ဆောင်မှု ပေးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ စျေးကွက် ယှဉ်ပြိုင်မှုရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

မိုဘိုင်း အင်တာနက်လို့ ဆိုလိုက်ရာမှာ မြန်နှုန်းကိုလည်း ထည့်သွင်းပြောရမှာဖြစ်ပါတယ်။ နည်းပညာ အခေါ်အဝေါ်အရတော့ 2G, 3G နဲ့ 4G ဆိုပြီး ယေဘုယျ သတ်မှတ်နိုင်ပါတယ်။ နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ မြန်နှုန်းမြင့် အင်တာနက်တွေသုံးလာနိုင်တဲ့ သဘောပါပဲ။

အင်တာနက် ခေတ်ဦးမှာတော့ အင်တာနက် အသုံးပြုဖို့ဆိုတာ ငွေးကြေးတတ်နိုင်တဲ့သူတွေသာ အသုံးပြုနိုင်ပြီး သတင်းအချက်အလက် ဖြန့်ဖြူးရေး၊ ဗဟုသုတ ရှာမှီးဖို့အတွက်သာ အဓိက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ခုအချိန်မှာတော့ အင်တာနက်ကို ဖျော်ဖြေရေးနဲ့ လူမှုဆက်သွယ်ရေးစတာတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာကို တွေ့ရမှာဖြစ်ပါတယ်။

အရင်ကတော့ အင်တာနက်မှာ 3MB လောက်ရှိတဲ့ MP3 သီချင်းတစ်ပုဒ်ကို ကျပ်ငွေ ၁၀၀၀ လောက် အကုန်ခံပြီး ဒေါင်းလုဒ် ရယူနားထောင်ရတဲ့အခြေအနေပါပဲ။ ဒီနေရာမှာ 3MB ရှိတဲ့ သီချင်းကို ဒေါင်းလုဒ်ရယူ နားထောင်နိုင်တဲ့ ငွေကြေးတတ်နိုင်တယ် ဆိုရင်တောင် အင်တာနက် မြန်နှုန်း အကန့်အသတ် ရှိနေတာကြောင့် အလွယ်တကူ ရယူနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါ့အပြင် ရုပ်သံ ဖျော်ဖြေရေးကွန်ယက်တွေဖြစ်တဲ့ Youtube လိုမျိုး ဝက်ဆိုဒ်တွေ ဝင်ရောက်ကြည့်ရှု့နိုင်ဖို့လည်း အလွန်ခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ အင်တာနက်ကနေ သီချင်းနားထောင်မလား၊ ရုပ်သံကြည့်မလား၊ ရုပ်ရှင်ကြည့်မလား စတာတွေကို အလွယ်တကူလုပ်လာနိုင်ပြီး မြန်ဆန်တဲ့ အင်တာနက် မြန်နှုန်းကိုလည်း အင်တာနက်ဝန်ဆောင်မှု ပေးနေတဲ့ အော်ပရေတာတွေရဲ့ အပြိုင်အဆိုင် စျေးကွက် ယှဉ်ပြိုင်မှုကြောင့် အသုံးပြုနိုင်လာကြပြီဖြစ်ပါတယ်။ အင်တာနက် ခေတ်ဦးမှာ သီချင်းတစ်ပုဒ်အတွက် တစ်ဒေါ်လာလောက် ပေးနားထောင်ရတဲ့ခေတ် ကုန်ဆုံးခဲ့ပါပြီ။

အော်ပရေတာတွေထဲမှာ Ooredoo ကုမ္ပဏီက မြန်နှုန်းမြင့် အင်တာနက်အသုံးပြုနိုင်ဖို့အတွက် 4G ကွန်ယက်ကို တစ်နိုင်ငံလုံး ဖြန့်ကျက်ထားပြီး 1MB ကို ၅ ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။ ဒီတော့ အင်တာနက် ခေတ်ဦးစျေးနှုန်းနဲ့ ပြန်ယှဉ်လိုက်ရင် သီချင်းတစ်ပုဒ်အတွက် ၁၀၀၀ ကျသင့်ရာကနေ ၁၅ ကျပ်သာ ကျသင့်တော့မှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုအတွက် Ooredoo ကုမ္ပဏီက Phalan Phalan Internet လို့ အမည်ပေးထားပါတယ်။

ဒီတော့ Phalan Phalan Internet အင်တာနက်နဲ့ ရုပ်ရှင်ကြည့်နိုင်သလို၊ သီချင်းနားထောင်တာအပြင် ကြည်လင်ပြတ်သားပြီး အဆင့်မြင့်တဲ့ ဂိမ်းတွေကိုလည်း Phalan Phalan Internet နဲ့ အလွယ်တကူ ကစားနိုင်တော့မှာပါ။ ဒီဝန်ဆောင်မှုကို လိုချင်ရင်တော့ *555#  ကိုနှိပ်လို့ ရယူနိုင်မှာပါ။ သီချင်းတစ်ပုဒ် တစ်ဒေါ်လာခေတ်ကတော့ နောက်မှာ ကျန်ခဲ့ပါပြီ။

ဆိုတော့ ငွေကြေးတတ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေသာမက မြန်မာကျေးလက်က အင်တာနက်အသုံးပြုတဲ့ တောင်သူ ဦးကြီးများသည်ပင် သူတို့ကြိုက်နှစ်သက်တဲ့ တွံတေးသိန်းတန်သီချင်းလေးတွေကို စျေးသက်သက်သာသာနဲ့ နားထောင်နိုင်တဲ့ခေတ် ရောက်လာပြီဖြစ်တာမို့ စျေးသက်သက်သာသာနဲ့ လူတိုင်းသုံးနိုင်မယ့် 4G အင်တာနက်လို့ ပြောရင်လည်း မှားနိုင်မယ် အထင်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags