အသားအရေအတွက် ပြုလုပ်တဲ့ လေဆာကုထုံးနဲ့ ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ

အသားအရေအတွက် ပြုလုပ်တဲ့ လေဆာကုထုံးနဲ့ ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

လေဆာအရေပြားကုထုံးဆိုတာဘာလဲ

နည်းပညာတိုးတက်မှုတွေကြောင့် အသားအရေအရွယ်တင်နုပျိုစေမယ့်နည်းလမ်းတွေများစွာရှိလာတဲ့အထဲမှာ laser skin resurfacing ကို လူကြိုက်များပါတယ်။Laser resurfacing ကအရေးအကြောင်းတွေ၊ အသားအရေ မညီခြင်းတွေ၊ အမာရွတ်တွေ၊ အခြားအသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေကို ပြန်လည်ကောင်းမွန်စေဖို့ အလင်းတန်းကို အသုံးပြုပြီး အရေပြားအလွှာမျိုးစုံကို ကုသပေးတာဖြစ်ပါတယ်။

ဒီနည်းက အလင်းတန်းတွေသုံးပြီး ထိခိုက်ပျက်စီးနေတဲ့အရေပြားအလွှာတွေကို ဖျက်ဆီးပေးပါတယ်။ အနာပြန်ကျက်တာနဲ့ လေဆာကုထုံးလုပ်ဆောင်နေစဉ်က ဖယ်ရှားပစ်လိုက်တဲ့ မကောင်းတဲ့အရေပြားနေရာမှာ အရေပြားအသစ်ပြန်လည်ဖြစ်ပေါ်လာပါတယ်။ တချို့လေဆာကုထုံးတွေကတော့ အရေပြားကို မဖျက်ဆီးပစ်ဘဲ အပူဓာတ်နဲ့တင်းရင်းအောင်သာလုပ်ပေးတာဖြစ်ပါတယ်။

Laser skin resurfacing နည်းလမ်းနှစ်မျိုးရှိပါတယ်။

  • Ablative laser ဟာ ဝက်ခြံတွေနဲ့ အခြားအမာရွတ်တွေ၊ အသက်ကြီးခြင်းကြောင့် ဖြစ်တဲ့ အရေးအကြောင်းတွေကို လျော့နည်းစေဖို့အတွက် အရေပြား အလွှာပါးကို ဖယ်ထုတ်လိုက်ပါတယ်။
  • Non-ablative laser ကတော့ collagen ထုတ်လုပ်မှုကို အားပေးပြီး အောက်ခံအရေပြားကို တင်းရင်းစေပါတယ်။ ဒီနည်းလမ်းဟာ ablative laser resurfacing နည်းထက် ထိရောက်မှု အာနိသင် နည်းပါးပါတယ်။

ဘာကြောင့်အသုံးပြုကြတာလဲ

လေဆာအရေပြားတင်းရင်းစေခြင်း ကုထုံးကို အရေးအကြောင်းရှိသူတွေ၊ဝက်ခြံနဲ့အမာရွတ်ရှိသူတွေ၊တင်းတိတ်မှဲ့ခြောက်ရှိသူတွေ၊ အသားအရောင်မညီသူတွေ၊အသက်အရွယ်ကြောင့်ဖြစ်လာတဲ့ အစက်အပြောက်ရှိသူတွေ၊ ခွဲစိတ်မှု၊ထိခိုက်မှုတွေကြောင့်မပျောက်နိုင်တဲ့အမာရွတ်ရှိသူတွေမှာအသားအရေ ပိုကြည့်ကောင်းစေဖို့၊ နုပျိုတင်းရင်းလှပစေဖို့ ကုသမှုခံယူကြတာများပါတယ်။

ဘာဘေးထွက်ဆိုးကျိုးတွေရှိသလဲ

skin resurfacing က အသားအရေမှာ ပြစ်ချက်နည်းစေဖို့၊ တင်းရင်းလှပစေဖို့ မြန်ဆန်တဲ့ထိရောက်မှုရှိတယ်ဆိုပေမယ့် ကုထုံးကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း သိထားသင့်ပါတယ် –

  • လေဆာအပူကြောင့် လောင်ခြင်း သို့မဟုတ် ထိခိုက်ခြင်း
  • အမာရွတ်ဖြစ်ခြင်း
  • အသားအရောင်ပြောင်းလဲခြင်း( ကုသမှုခံယူလိုက်တဲ့အရေပြားဧရိယာက ဘေးတဝိုက်ဧရိယာထက်ပိုမည်းလာတာ၊ပိုဖြူသွားတာမျိုး)
  • ရေယုန်ပြန်ဖြစ်ခြင်း
  • မပြင်းထန်သောရောင်ရမ်းခြင်း၊ ယားယံခြင်း၊ အသားအရေအပေါ်ယံမာတင်းခြင်း၊ နာကျင်ခြင်းတို့ဖြစ်နိုင်ပါတယ်။
  • အရေပြားနီရဲခြင်း။ ပုံမှန်အားဖြင့် ၆ ပတ်ကနေ ၁၂ ပတ်အထိကြာတတ်ပေမယ့် ၆လအထိလည်းဖြစ်နိုင်ပါတယ်။ တချို့တွေမှာ စိတ်ဖိစီးနေချိန် ဒါမှမဟုတ် ပင်ပန်းနေချိန်တွေမှာ ပုံမှန်ထက်ပိုပြီး အသားနီရဲနေတတ်ပါတယ်။
  • အရေပြားပြဿနာဖြစ်ခြင်း( အရင်ကဝက်ခြံထွက်တတ်သူတွေမှာ ဝက်ခြံတွေပေါ်လာတာမျိုး)
  • အရေပြားမှာ ဘက်တီးရီးယား သို့မဟုတ် မှိုပိုးဝင်ခြင်း။ ပိုးဝင်တဲ့အခါ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကိုပါ ကူးစက်နိုင်ပါတယ်။
  • အောက်မျက်ခမ်းလန်ခြင်း (ectropion)။ ဒီအခြေအနေက ဖြစ်ခဲပါတယ်။ အောက်မျက်ခမ်းနားမှာ ablative laser resurfacing  လုပ်ခြင်းက မျက်ခမ်းလန်ပြီး အတွင်းမျက်သားပေါ်လာခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်တော့ ခွဲစိတ်ကုသဖို့လိုလာပါလိမ့်မယ်။

ကိုယ့်မှာ အရေပြားပြဿနာရှိနေရင်၊ အသားအရမ်းညိုသူဖြစ်ရင်၊ မျက်နှာမှာလတ်တလောဝက်ခြံတွေရှိနေရင်၊autoimmune သို့မဟုတ် ကိုယ်ခံအားနည်းစေတဲ့ရောဂါတစ်ခုခုရှိနေရင်၊ အမာရွတ်ဖြစ်ကျန်တတ်တဲ့အသားအရေပိုင်ရှင်ဖြစ်ရင် လေဆာကုထုံးကို ခံယူလို့မရနိုင်ပါဘူး။ လေဆာပစ်ချိန်မှာလည်း ကိုယ်ပြုပြင်မယ့်အမျိုးအစားကိုလိုက်ပြီး နာကျင်မှုရှိတတ်တာတွေရှိပါတယ်။ လေဆာကုထုံးနဲ့ပတ်သက်ပြီး ဒီလို သတိထားစရာတွေ၊ နောက်ဆက်တွဲဆိုးကျိုးတွေအပြင် ကုထုံုးတစ်ကြိမ်ကို သိန်းနဲ့ချီ ကုန်ကျနိုင်တာကြောင့် စဉ်းစားနေရသူတွေရှိပါတယ်။ နာရကျင်ရမှာကြောက်သူတွေ၊ လေဆာကိုကြောက်သူတွေ၊ ကုန်ကျစရိတ်များမှာစိုးရိမ်နေသူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။

လေဆာကုထုံးက အစွမ်းထက်ပေမယ့် ဘေးထွက်ဆိုးကျိုးများပြီး ကုန်ကျစရိတ်ကြီးမြင့်တဲ့အတွက်ကြောင့် လေဆာကုထုံးအသုံးပြုဖို့လက်တွန့်နေတဲ့သူတွေအတွက် နောက်ထပ်အဖြေတစ်ခုရှိပါတယ်။ အဲဒါကတော့ လေဆာကုထုံးထက် ၃ ဆ ပိုအစွမ်းထက်တဲ့ L’Oréal Paris ရဲ့ Revitalift Laser x 3 series ပါ။ Revitalift Laser x 3 အမျိုးအစားတွေက အသားအရေကို ပြန်လည်တင်းရင်းစေတဲ့အပြင် Collagen နဲ့ Cells တွေကို ပြန်လည်နိုးကြားစေပြီး အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။ သိသာတဲ့ အကျိုးရလာဒ်တွေကတော့-

  • Revitalift Laser x3 Serum က ချွေးပေါက်တွေကို ကျဉ်းစေပြီး အရေးကြောင်းတွေကို သက်သာစေတာမို့ အသားအရေကို ချောမွေ့ပြီး ညီညာစေတယ်။
  • Revitalift Laser x3 Power Water ကဆိုရင် ရေဓာတ်ပြည့်ဝပြီး အသားအရေကို နုပျိုစေတယ်။
  • Revitalift Laser x3 Anti Ageing Transforming Eye Cream ကမျက်ဝန်းတစ်ဝိုက်အသားအရေကို တင်းရင်းစေဖို့ ပြုပြင်ပေးပြီး မျက်အိတ်ဖောင်းခြင်းကို သက်သာစေနိုင်တယ်။
  • Revitalift Laser x3 Total Care Spot Corrector SPF 27 PA+++ က အသားအရေကို ပြန်လည်တင်းရင်းပြီး collagen နဲ့ ဆဲလ်တွေကိုပြန်လည်နိုးကြွစေတဲ့အပြင် နေလောင်ဒဏ်၊ အစက်အပြောက်နဲ့ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။
  • အသားအရေ၏ ဒုတိယလွှာ Dermis ကို ပြန်လည်ပြုပြင် အားဖြည့်ပေးပြီး အရေးအကြောင်းလျော့နည်းစေရန် ကူညီပေးသော စွမ်းအားပြည့်နုပျိုစေသည့် အာနိသင်ရှိတဲ့အပြင် L’Oreal skin care များထဲတွင် အမြင့်မားဆုံးနှင့် အထိရောက်ဆုံး ပါ၀င်သောဓာတ်ဖြစ်သည့် 3% PRO-XYLANE ပါဝင်တဲ့ Revitalift Laser x3 Day Cream လည်းရှိပါတယ်။
  • အရမ်းပါးလွှာပြီး ကျံု့နိုင်စွမ်းသောမျက်နှာပြင်ဖြစ်ပေါ်စေရန် ဖန်တီးပေးပြီး အသားအရေကို ညဖက်မှာ အားဖြည့်ပေးနိုင်တဲ့ Revitalift Laser x 3 Night Cream Mask ကိုလည်း အားထားနိုင်ပါတယ်။

တစ်ခုပဲသိထားသင့်တာကတော့ ဒီနည်းလမ်းက လေဆာကုထုံးလိုတော့ ချက်ခြင်းကြီး ပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ အနည်းငယ်အချိန်ယူရပါတယ်။ ဒါပေမယ့် လေဆာကုထုံးလို   ဘေးထွက်ဆိုးကျိုးတွေနဲ့ ကုန်ကျစရိတ်တွေကတော့ မရှိပါဘူး။ ဒီတော့ ဘေးထွက်ဆိုးကျိုးကင်းစွာနဲ့ အရေးအကြောင်းကင်း၊ နုပျိုလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ Revitalift Laser x 3 ကို ရွေးချယ်ဖို့ မမေ့နဲ့နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly