Shop.com.mm မှ တစ်နှစ်တာအတွင်း အကြီးဆုံးအထူးစျေးရောင်းပွဲတော် Black Friday ကို နို၀င်ဘာလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကျင်းပမည်

Shop.com.mm မှ တစ်နှစ်တာအတွင်း အကြီးဆုံးအထူးစျေးရောင်းပွဲတော် Black Friday ကို နို၀င်ဘာလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကျင်းပမည်

 

          Shop.com.mm ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော တစ်နှစ်တာ၏ အထူးစျေးရောင်းပွဲတော် Black Friday ကို နို၀င်ဘာလ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ Shop.com.mm Online   ပေါ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ Black Friday ပွဲတော်ကို နှစ်စဉ်နို၀င်ဘာလနောက်ဆုံး အပတ်ဉ် ကမ္ဘာတစ်ဝှမ်းလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး အအောင်မြင်ဆုံးသော ပွဲတော်တစ်ခုလည်းဖြစ်သည်။

Shop.com.mm ၏ ယခုနှစ် Black Friday ပွဲတော်ကြီး တွင် နာမည်ကြီးအမှတ်တံဆိပ် ကုန်ပစ္စည်းမျိုးစုံကို အများဆုံးအထူး လျှော့စျေး ၉၀% အထိ ၀ယ်ယူနိုင်မည်ဖြစ်သောကြောင့်   စျေးဝယ်သူများအနေဖြင့် စိတ်ကြိုက်ပစ္စည်းများကို စျေး အသက်သာဆုံးနှင့်ဝယ်ယူနိုင်မည်။

ယခုနှစ် Black Friday ပွဲတော်ကြီးကို Shop.com.mm နှင့်အတူ Pond’s မှ အဓိက စီစဉ်တင်ဆက်ပြီး Ooredoo, Visa, Vaseline, Dove, Maybelline တို့မှ ပါ၀င်ကူညီ ပံ့ပိုးပေးထားပါသည်။

Pond’s ၏ နောက်ဆုံးထုတ်ကုန်ပစ္စည်းများဖြစ်သော Pond’s White Beauty SPF Cream, BB Cream, Pond’s Acne Clear Cream တို့ကို Black Friday တွင် အထူးလျှော့စျေးများဖြင့်လည်း ၀ယ်ယူနိုင်မည်ဖြစ်သည်။ Black Friday တွင် Visa Card အသုံးပြုသူများမှာ လျှော့စျေးများအပြင် အပိုလျှော့စျေး ၅% ကိုလည်းထပ်မံရရှိမည် ဖြစ်ပါ သည်။

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးရှိ KFC ဆိုင်များ အားလုံးတွင် ကျပ် ၃၀၀၀ ဖိုးနှင့်အထက် ၀ယ်ယူစားသုံးသူများမှာ Shop.com.mm ၏ လျှော့စျေး ၅၀၀၀ တန် ကူပွန်ကို ရရှိမည်ဖြစ်ပြီး အော်ဒါတင်ဝယ်ယူနိုင်ရန်လည်း KFC ဆိုင်များရှိ Shop.com.mm ၀န်ထမ်းများမှ ကူညီပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် နာမည် ကြီးအမှတ်တံဆိပ် ၅၀၀ ကျော်နှင့် ကုုန်ပစ္စည်းအမျိုးစားပေါင်း ၈၀၀၀၀ ကျော်ကို အံ့သြစရာ အထူးလျှော့စျေးများဖြင့်ရရှိနိုင်မည့် Black Friday ပွဲတော်ကြီးကို နို၀င်ဘာလ ၂၂ ရက်နေ့ မှစ၍ ၀င်ရောက်ဆင်နွှဲနိုင်ကြပြီဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly