လယ်သမားများ၏ လိုအပ်ချက်များအား ပြည်နယ်အစိုးရ အစွမ်းကုန်ဖြည့်ဆည်းမည်

လယ်သမားများ၏ လိုအပ်ချက်များအား ပြည်နယ်အစိုးရ အစွမ်းကုန်ဖြည့်ဆည်းမည်

နိုဝင်ဘာ ၁၇ ။         ။ ရခိုင်ပြည်နယ်ရဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ မျိုးကောင်းမျိုးသန့်စပါးတွေကို စိုက်ပျိုးစေပြီး  တောင်သူလယ်သမားတွေရဲ့လိုအပ်ချက်တွေကို အစွမ်းကုန်ဖြည့်ဆည်းဖို့ ကြိုးစားသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်  ကပြောပါတယ်။

“ဒါတွေကို စိုက်တဲ့နေရာမှာလည်း အင်တိုက်အားတိုက် စိုက်နေပါတယ်။ လိုအပ်တာတွေကို မြို့နယ်မှာရှိတဲ့ စိုက်ပျိုးရေးဌာနမှတဆင့်သော်လည်းကောင်း၊ ကျွန်တော်တို့ဆီကိုသော်လည်းကောင်း လိုအပ်တာတွေကို ပြည့်ပြည့်စုံစုံမဖြည့်ဆည်းနိုင်ရင်တောင် အစွမ်းကုန်ကြိုးစားဖြည့်ဆည်းပေးပါ့မယ်” လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်ရဲ့ကျေးရွာတွေမှာ လယ်ယာလုပ်ငန်းတွေအတွက် အလုပ်သမားရှားပါးမှု ပြဿာတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ရခိုင်ပြည်နယ် မြေပုံ မင်းပြားမြို့နယ်တွေထဲက ကျေးရွာတွေမှာရှိတဲ့ အိမ်ထောင်ဦးစီး အမျိုးသား အများစုဟာ ထိုင်း မလေးနဲ့ ရန်ကုန် မြစ်ကြီးနားမြို့တွေမှာ အလုပ်သွားလုပ်နေကြ တယ်လို့ သိရပါတယ်။

မြေပုံမြို့နယ် ဘားဝေကျေးရွာက မသိန်းနုရဲ့အမျိုးသားဟာလည်း မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ သူတစ်ယောက်ဖြစ်ပြီး  “ စိုက်ပျိုးရေးတွေလုပ်ဖို့ လူလည်း မရှိဘူး။ ရွာမှာဆိုရင် စားဝတ်နေရေးက ခက်ခဲတယ်” လို့ ပြောပါတယ်။

စပါးစိုက်ပျိုးမှုများတဲ့ ဧရာဝတတိုင်း၊ ပဲခူးတိုင်းဒေသတွေမှာ စိုက်ပျိုးတဲ့ စပါးအရည်အသွေးတွေထက် ရခိုင်ပြည်နယ်မှ တောင်သူလယ်သမားတွေ စိုက်ပျိုးနေတဲ့ စပါးတွေဟာ မျိုးကောင်းမျိုးသန့်နည်းပါးနေပါတယ်။

ရခိုင်ပြည်နယ်ဟာစိုက်ပျိုးရေး၊ငါးဖမ်းလုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်တဲ့ ပြည်နယ်တစ်ခု ဖြစ်ပေမယ့် ကျေးရွာတွေမှာရှိတဲ့ တောင်သူလယ်သမားတွေကတော့  ရာသီဥတု ဖောက်ပြန်မှုတွေ၊ စပါးစျေး မကောင်း တာတွေ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကို စွန့်ပြီး တခြားမြို့ရွာတွေမှာ ပဲ အလုပ်လုပ်နေကြရပါတယ်။

လက်ရှိအချိန်တွင် အစိုးရ၏ UEHRD မှ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ လုပ်ဆောင်နေပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအချို့သည် ပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly