ဘတ်စ်ကတ်ဘောသမားနှင့် တွဲနေသည်ဆိုသော သတင်းကို ငြင်းလိုက်သည့် ရီဟားနား

ဘတ်စ်ကတ်ဘောသမားနှင့် တွဲနေသည်ဆိုသော သတင်းကို ငြင်းလိုက်သည့် ရီဟားနား

နယူးယော့ခ်၊ သြဂုတ် ၁၈ ။             ။ ကမ္ဘာကျော်အဆိုတော် ရီဟားနားသည် ဘတ်စ်ကတ်ဘော ကစားသမား မက်ဘာနက်စ်နှင့် တွဲနေသည်ဟူသော သတင်းမှာ မဟုတ်ကြောင်း  Instagram မှတစ်ဆင့် ပြောကြားသည်။

အသက် ၂၇ နှစ်အရွယ်ရှိ ပေါ့ကြယ်ပွင့် ရီဟားနားသည် မကြာသေးမီက ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ လူးဝစ်ဟဲလ်မင်တန်နှင့် တွဲနေသည်ဟူသော ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုအခါ အသက် ၃၅ နှစ်အရွယ်ရှိ ဘတ်စ်ကတ်ဘော ကစားသမား မက်ဘာနက်စ်နှင့် တွဲနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့သည်။

ဘာနက်စ်သည် သီတင်းပတ်ကုန်က TMZ နှင့်ပြုလုပ်သော  တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားချက်များက ကောလာဟလများကို ပိုမိုကြီးထွားစေခဲ့သည်။

“ကျွန်တော်နဲ့ ရီဟားနားတို့ဟာ အခုချိန်ထိ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အတူသွားတာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ခဏတာ ရင်ခုန်မှုလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ တွဲနေတယ်ဆိုတဲ့ သတင်းတွေဟာ ထင်ကြေးပေး ပြောနေတာတွေ ဖြစ်ပါတယ် ”ဟု ဘာနက်စ်က ပြောသည်။

TMZ သတင်းဌာနက ဘာနက်စ်ကို  မကြာသေးမီက Los Angeles Ciippers အသင်းမှ  Memphis Grizzlies အသင်းသို့ ပြောင်းရွှေ့ခဲ့မှုနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

“ကျွန်တော်အသင်းကနေ ပြောင်းရွှေ့တာ ပြဿနာရှိလို့ မဟုတ်ပါဘူး” ဟု ဘာနက်စ်က ပြောသည်။

သို့ရာတွင် အင်တာဗျူးပြီးနောက် ရီဟားနားက ဘာနက်စ်ပြောကြားသော စကားများကို  တုန့်ပြန်သောအားဖြင့်  ဘာနက်စ်၏ ဓာတ်ပုံအောက်တွင် #defamationofcharacter #shenotintoyouatall စာသားများရေးကာ Instagram တွင် တင်ခဲ့ပြီး ခဏာတာ ရင်ခုန်မှုဆိုသည်မှာ မဟုတ်ကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly