ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၄ - နိဂုံးပိုင်း)

ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၄ - နိဂုံးပိုင်း)

မေး။   ။ ဆီးချိုရောဂါသည်တွေက ဘာကြောင့် ကျောက်ကပ် ပျက်စီးရသလဲဆိုတာ ဖြေကြားပေးပါဦး

ဖြေ ။  ။ ကျွန်တော်ပြောချင်တာကတော့ ၃ ချက်ပေါ့။ (၁) ဆီးချိုသွေးချိုကို နိုင်အောင်မထိန်းနိုင်ရင် ကျောက်ကပ် ထိမှာပဲ။ နိုင်အောင်ထိန်းပါ။ ကျွန်တော် ထပ်ပြောပါဦးမယ် မစားခင် ၁၃၀ စားပြီး ၁၈၀ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး သုံးလတစ်ခါစစ်ရင် A1C က ရ မကျော်ရပါဘူး။ ဒါ ကျောက်ကပ် မဖြစ်ဖို့ အရမ်းနည်းတယ်။ (၂) အချက်က သွေးတိုး၊ သွေးတိုုးကို ၁၄၀/ ၉၀ အောက် ရောက်အောင် ထိန်းပါ။ အဲဒါဆိုရင် ဒီနှစ်ခုက အဓိကပဲ ဖြစ်တယ်။ ဆီးချိုသမားတစ်ယောက်မှာဆီးချိုကို နိုင်အောင်ထိန်းနိုင်မယ် ၊သူက သွေးတိုးမှာရှိရင် ၁၄၀/ ၉၀ အောက်မှာ ထိန်းထားနိုင်သရွေ့ ကာလပတ်လုံး ကျောက်ကပ်ကို မထိပါဘူး။ နောက်တစ်ခုက ကျောက်ကပ်ထိမထိကို အစောကြီး သိနိုင်တာက ဆီးထဲမှာ အသားဓာတ်လို့ ခေါ်တာပေါ့နော် ၊အဲဒါကို ဆီးချိုသမားတိုင်း စစ်ဆေးဖို့ လိုတာပေါ့နော်။ ဆီးထဲမှာ အသားဓာတ်ပါနေရင် တွေ့တာနဲ့ သူတို့ကို ပျောက်ကင်းနိုင်အောင် ကုသနိုင်တဲ့ဆေးတွေရှိတယ်။ အဲဒါတွေပေးလိုက်ရင် ၃ လသို့မဟုတ် ၆ လမှာ ပျောက်သွားရင် ကျောက်ကပ်မထိအောင် ထိန်းထားနိုင်တယ်။ အဲဒီတော့ ကျွန်တော်အနေနဲ့ အဓိက ကတော့ သွေးတိုးနဲ့ ဆီးချိုကို နိုင်အောင်ထိန်းပါ။ ကျောက်ကပ်မထိပါဘူး။ လက်ရှိ ကျွန်တော်တို့ သောက်နေတဲ့ ဆေးတွေက ကျောက်ကပ်ကို မထိပါဘူး။ ဆေးတွေ အများကြီးသောက်ရင် ကျောက်ကပ် ထိတယ်ဆိုတာက လွဲမှားတဲ့ အယူအဆတွေပါ။ အဓိကကတော့ ဆီးချိုကို မထိန်း နိုင်လို့ပါ။

မေး။   ။ ဟော်မုန်းအကြောင်း ကိုဆရာကြီး ဖြေပေးပါလားခင်ဗျာ။

ဖြေ။    ။ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ကတော့ ဆီးချိုနဲ့ ဟော်မုန်းရောဂါလို့ ခေါ်ပါတယ်။ ဟော်မုန်း ဆိုတာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကနေပြီးတော့ ဓာတ်ပစ္စည်းတစ်ခု ထွက်တယ်။ ဒါတွေကို ဟော်မုန်းလို့ ခေါ်တာပေါ့။ သူက တစ်နေရာကနေထွက်တယ် အခြားတစ်နေရာမှာ အက်ရှင် လုပ်တယ်ပေါ့နော်။ ပြောမယ်ဆို မုန့်ချိုအိတ်ကနေ အင်စူလင်ဆိုတဲ့ ဟော်မုန်ထွက်လာတယ်။ အဲဒီအင်စူလင်က သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေကို ၂၀၀ မကျော်အောင် ထိန်းပေးတယ်။ အဲဒီအင်စူလင်ကို ကျွန်တော်တို့က ဟော်မုန်းလို့ ခေါ်တာပါ။ ဒါကြောင့် ဟော်မုန်းနဲ့ပတ်သက်တဲ့   ရောဂါများလို့ ပြောရင် တစ်အချက်က မြန်မာနိုင်ငံမှာ အသိများတာက ဆီးချိုသွေးချိုပေါ့။ နံပါတ်နှစ်ကတော့ လည်ပင်းကြီး။ လည်ပင်းကြီးဟော်မုန်း များတာတွေ နည်းတာတွေ ဆိုတာဟာ ကျွန်တော်တို့ ဟော်မုန်းရောဂါ ပညာရှင်တွေနဲ့ ဟော်မုန်းရောဂါ ဆရာဝန်တွေနဲ့ ပိုဆိုင်ပါတယ်။ အခု အမျိုးသားတွေမှာဖြစ်နေတဲ့ ပန်းသေပန်းညှိုးကြောင့် တက်စတိုစတုန်းဆိုတာကလည်း ဟော်မုန်းပါပဲ။ ဒါတွေ နည်းတာများတာလည်း ကျွန်တော်တို့နဲ့ ဆိုင်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ရောဂါတွေကို ပြန်ကြည့်လိုက်ရင်တော့ ဆီးချိုသွေးချိုတို့ လည်ပင်းကြီးတို့ အဝလွန်တာလည်း ဟောမုန်းနဲု့ဆိုင်ပါတယ်။ အဲဒီတော့ ဟော်မုန်းရောဂါများဆိုရင် ကျွန်တော်တို့က အကုန်ကုတာပေါ့။

မေး။   ။ ပထမ တစ်ခါစစ်တုန်းက ၂၆၀ ကျော်နေပါတယ်။ တစ်လလောက်နေ ပြန်စစ်တာ ၁၂၈ ရှိပါတယ်။ သွေးတိုးက ၁၄၀ - ၉၀ ပါ။ ဘာတွေလုပ်သင့်ပါသလဲ ။

ဖြေ။    ။ ခုနက ကျွန်တော် ဂဏန်းသုံးလုံး ပြောပြထားပါတယ်။ မစားခင် ၁၃၀ စားပြီး ၁၈၀ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး ။အဲဒါက ဆီိးချိုသမားတစ်ယောက် ဖြစ်သွားပြီဆိုရင် သူ ထိန်းသိမ်းရမယ့် ပမာဏ အခု ကိုထွန်းထွန်းမေးတာက ဆီချိုသွေးချိုကို ကိုယ်က သံသယရှိပြီဆိုရင် ရေတွေအရမ်းငတ်တယ်၊ ဆီးတွေအရမ်းသွားတယ်၊ ဘာမှန်းမသိပဲ ပိန်ကျသွားတယ်။ အချိုဓာတ်တွေ အရမ်းကြိုက်လာတယ်ဆိုရင် စစ်လို့ ပြောတာ။ လူနာက ကျွန်တော် ဘာစစ်ရမှာလဲ။ တစ်အချက် ဆီးကို လုံးဝ မစစ်ပါနဲ့။ ဆီးစစ်ခြင်းအားဖြင့် ဆီးချိုသွေးချိုကို ကျွန်တော်တို့ စစ်လို့မရပါဘူး။ အဓိက ကျွန်တော်တို့ စစ်ဆေးချင်တာက ည ၁၀ နာရီနောက်ပိုင်း ဘာမှမစားနဲ့၊ ဗိုက်ဆာရင် ရေအဝသောက် မနက် ၆ နာရီ ရ နာရီလောက်မှာ လက်မောင်းကနေပြီးတော့ သကြားဓာတ်ကို လာစစ်လို့ရပါတယ်။ အဲဒါကတော့ အကောင်းဆုံး စစ်နည်းပါ။ အဲဒါက ၁၂၆ မကျော်ရပါဘူး။ ၁၂၆ ကျော်တာနဲ့ ဆီးချိုရှိပါတယ်။ ဆီးချိုက ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရပါဘူး။ ၂၀၀ ကျော်ရင် သံသယရှိပါတယ်။ အဲဒီတော့  ပထမတစ်ခေါက် စစ်လိုက်တုန်းက ၂၆၀ ဆိုတော့ ဒါက သံသယဖြစ်နေပြီ။ နောက်တစ်ခါ ဘာမှမစားပဲ စစ်တာ ဘယ်လောက်ရှိသလဲဆိုရင် ၁၂၈ ၊အဲဒါဆိုရင် အဲဒီနှစ်ခု ပေါင်းလိုက်ရင်တော့ ဒါ ဆီးချိုဖြစ်နေပြီလို့ သတ်မှတ်လိုက်တယ်။ ည ၁၀ နာရီနောက်ပိုင်း ဘာမှမစားဘူး အစောကြီးစစ်ရင် ၁၂၆ မကျော်ရဘူး။ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး။ အဲဒီတော့ ပထမတစ်ခေါက်နဲ့ဆိုရင် ကျွန်တော်တို့က လက္ခဏာလည်းရှိတယ် ၂၀၀ လည်းကျော်တယ်ဆိုရင် တစ်ခါတည်း ကျွန်တော်တို့ သတ်မှတ်လိုက်ပြီ။ မျိုးရိုးလည်းရှိတယ် ဝလည်းဝတယ် ရေတွေအရမ်းငတ်တယ်၊ ဆီးတွေအရမ်းသွား တယ်၊ ဖောက်စစ်လိုက်တယ် ၂၈၀ တစ်ခါတည်းနဲ့ ကျွန်တော်တို့က ဆီးချိုလို့ ပြောလိုက်တယ်။ တကယ်လို့ လက္ခဏာတွေမရှိရင် နှစ်ကြိမ် ပြန်စစ်တယ်။ ခုနကပြောသလို ပထမတစ်ခေါက်စစ်တာ ၂၈၀ ဘာမှမစားပဲ မနက်အစောကြီးစစ်တာ ၁၂၆ ကျော်သွားရင် ဆီးချိုရှိပြီလို့ သတ်မှတ်တဲ့အတွက် ကြောင့် ဒီအတိုင်းတာ တူမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ သွားပြပြီးတော့ ဆီးချိုသွေးချိုကို ကုသသင့်တယ်လို့ ယူဆပါတယ်။

မေး။   ။ ဆီးချိုဖြစ်တာ ၁၅ နှစ်ရှိပါပြီ ။ အင်ဆူလင် စထိုးပြီးတာနဲ့ တစ်သက်လုံး ထိုးရမှာလား ။

ဖြေ။    ။ မေးခွန်းအရဆိုရင်တော့ အမြဲထိုးရတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အင်ဆူလင်ထိုးတာ က နှစ်မျိုးရှိတယ်။ ပထမတစ်မျိုးက ဆီးချိုသွေးချိုသမားတစ်ယောက်က ဆေးရုံကို ခဏတက်လိုက် တယ်။ ဆေးရုံမှာ လေဖြတ်လိုက်တယ်။ အဲဒီအချိန်မှာ သကြားဓာတ်တွေက အရမ်းကို ထောင်တက် သွားတဲ့အတွက်ကြောင့်မို့ အင်ဆူလင်ကို ခဏလိုတယ်။ ပြီးရင် ဆေးရုံက ပြန်ဆင်းတာနဲ့ သောက်ဆေး ပြန်ပေးလို့ရတယ်။ ဒါကတစ်မျိုးပေါ့။ နောက်ပြီး ဆီးချိုက ၁၅ နှစ်လောက် ရှိပြီဆိုရင် သောက်ဆေးနဲ့ ထိန်းလို့ မနိုင်တော့ဘူး။ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အင်ဆူလင်ဓာတ်က အရမ်းကို နည်းသွားပြီ။ သာမာန်လူတစ်ယောက်မှာ ၁၀၀ ရှိရင် ဒီလိုလူမျိုးတွေအတွက်က ၁၀ လောက်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့အခုသောက်နေတဲ့ သောက်ဆေးတွေအကုန်လုံးက ခန္ဓာကိုယ်ထဲမှာရှိတဲ့ လက်ကျန် ၁၀ ရာခိုင်နှုန်းကို သွားသွားရိုက်ပြီးတော့ ထပ်ထပ် ထုတ်ခိုင်းနေတာပါ။ ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့ အတွက်ကြောင့် အပြင်ဘက်ကနေ အင်ဆူလင်ကို ပြန်ထည့်ပေးရတယ်။ ဒါက သဘာဝပါ။ ဆိီးချိုက အင်ဆူလင်မရှိလို့ ဖြစ်တာ။ အင်ဆူလင်ကို ထည့်ပေးတာ သဘာဝပဲ။ ဒါကြောင့်မို့ ကျွန်တော်အမြင် ကတော့ အင်ဆူလင်ကို အမြဲထိုးဖို့ လိုနေပါပြီခင်ဗျာ။ ကျွန်တော်တို့က ဆီးချိုသွေးချိုသမားကို ဘာမှာလဲဆိုတော့ ဆေး အလုံးနှစ်ဆယ်လောက် သောက်ရလည်း မကြောက်ပါနဲ့။ အင်ဆူလင် ထိုးရတာကိုလည်း မကြောက်ပါနဲ့။ ထိန်းချူပ်မှု မရတာကို ကြောက်ပါ။ အဲဒါမှ နောက်ဆက်တွဲတွေ ဖြစ်မှာဆိုတော့ လိုအပ်ရင်တော့ ထိုးပါ။ အမြဲထိုးရတော့မယ်လို့ ကျွန်တော် ယူဆပါတယ်။

မေး။   ။ ဆီးချိုဖြစ်တာ မဖြစ်တာ ဘယ်လိုစစ်ရမလဲ ။

ဖြေ။    ။ ခုနကပြောသလိုပေါ့ နှစ်ချက်ပါ။ လက္ခဏာပေါ်ရင် စစ်သင့်တယ်။ ရေအရမ်းငတ်တယ်၊ ဆီးတွေအရမ်းသွားတယ်။ အချိုဓာတ်တွေ အရမ်းစားချင်တယ်။ ဘာမှန်းမသိပဲ ပိန်ကျသွားတယ်။ အမျိုးသမီးတွေဆိုရင် အမျိုးသမီးတွေရဲ့ အင်္ဂါက ယားတယ်။ ဘာမှလက္ခဏာမရှိရင်လည်း မျိုးရိုးရှိတဲ့လူတို့ အဝလွန်တဲ့လူတို့ သွေးတိုးရှိတဲ့လူတို့ လှုပ်ရှားမှုနည်းတဲ့လူ သို့မဟုတ် အသက် ၄၅ နှစ် ကျော်တဲ့လူတိုင်း စစ်သင့်ပါတယ်။ စစ်မယ်ဆိုရင်လည်း ည ၁၀ နာရီနောက်ပိုင်းကို ဘာမှမစားပါနဲ့။ ဗိုက်ဆာရင် ရေအဝသောက် မနက် ၆ နာရီ ရ နာရီလောက်မှာ လက်မောင်းကနေ ဆီးချိုစစ်ချင် ပါတယ်လို့ ပြောပါ။ အဲဒီတော့ ဆီးချိုစစ်ရင် ဆီိးနဲ့စစ်တာလား လက်မောင်းကစစ်တာလား ဘယ်ဟာ ပိုမှန်လဲဆိုရင် လက်မောင်းကစစ်တာက ပိုမှန်ပါတယ်။ အဲဒါက ၁၂၆ မကျော်ရပါဘူး။ ၁၂၆ ကျော်ရင် ဆီးချိုဖြစ်ပြီလို့ ယူဆရပါတယ်။ တစ်ခါတည်းနဲ့မရရင်လည်း နောက်တစ်ခါပေါ့ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး။ နောက်တစ်ခုက A1C ဆိုတာ ထိန်းချုပ်မှုအတွက် သုံးတာပေါ့နော်။ သူ့ကိုလည်း ဆီးချို ရောဂါ ရှိမရှိအတွက်လည်း စစ်ဆေးလို့ရပါတယ်။

မေး။   ။ လူငယ်ဆိုလို့ရှိရင် ၃၀-၄၀ ဆိုရင် ကျန်းမာရေးကောင်းတယ် ။နည်းနည်းအသက်ကြီးလာမှ ၅၀-၆၀ လောက်မှသာလျင် ဆီးချိုသွေးချိုဆိုတာကို ထင်ထင်ရှားရှား မြင်ရတာပေါ့နော်။ ဆိုတော့ သူက အသက်အရွယ် ရွေးပြီးတော့ရော ဖြစ်နိုင်လား။

ဖြေ။    ။ ဒီအချက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်က ၂ ပိုင်းခွဲပြီးတော့ ပြောချင်တယ်။ ပထမအချက် ကတော့ ဆီးချိုသမားတွေမှာ အမျိုးအစား ၁ ဆိုတာရှိတယ်။ အမျိုးအစား ၂ ဆိုတာရှိတယ်။ တစ်အချက်ကတော့ အသက်ငယ်ငယ်တွေမှာဖြစ်တာ။ ဆီးချိုလို့ စသိတဲ့အချိန်ကစလို့ အင်စူလင်ကို တစ်သက်လုံး ထိုးရတယ်။ အဲဒါကိုတော့ Type 1 လို့ခေါ်တယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ စစ််တမ်းအရတော့ အကြမ်းဖျဉ်းတော့ မှတ်ပုံတော့ မတင်ထားဘူးပေါ့နော်။ မြန်မာတစ်နိုင်ငံလုံးမှာ အများကြီးရှိနေမယ်။ လက်ရှိတော့ ဆီးချိုဆရာဝန်ကြီးတွေ လက်ထဲမှာ အများစုတော့ ၈၀-၉၀-၁၀၀ လောက်ရှိမယ်။ မှန်မှန် အင်စူလင် ထိုးနေတာပေါ့။ သူတို့က ၃ နှစ်သားကတည်းကလည်း စဖြစ်နိုင် တယ်။ ၄ နှစ်သားကတည်းကလည်း စဖြစ်နိုင်တယ်။ အမျိုးအစားတစ်ကတော့ အသက်ငယ်ငယ်တွေ မှာ ဖြစ်တယ်ပေါ့နော်။ အဲဒါက ၁၀၀ မှာ ၅ ရာခိုင်နှုန်းပဲရှိတယ်။ ၉၅ ရာခိုင်နှုနး်ကတော့ အမျိုးအစား ၂ တွေပဲ။ ကျွန်တော်တို့ အများဆုံးတွေ့နေရတာတွေကလည်း အမျိုးအစား ၂ တွေပေါ့နော်။ အဲဒီတော့ ကျွန်တော်က အကြမ်းဖျဉ်း အသက်နဲ့ ပိုင်းလိုက်တာပေါ့။ ၃၀ အောက်ဆိုရင် အမျိုးအစား ၁ ဖြစ်နိုင် တယ်။ ၃၀ ကျော်ရင်တော့ အမျိုးအစား ၂ ဖြစ်နိုင်တယ်။ ဒီလိုပဲ အကြမ်းဖျဥး်ပြောကြတယ်။ သို့သော် ကျွန်တော်တို့ လက်ရှိတွေ့နေရတာက အမျိုးအစား ၂ ဆီးချိုသွေးချို ဝေဒနာရှင်တွေကို ကျွန်တော် တွေ့တာက ၁၁ နှစ်သားမှာတင် ရှိနေပြီ။ အဲဒါ အမျိုးအစား ၁ ဖြစ်ရမှာကို သူက ၂ ဖြစ်နေတယ်။ ဒါတွေက ကျွန်တေ်ာတို့က ကလေးတွေမှာ အဝလွန်တာတွေ ကလေးတွေက အချိုတွေ အရမ်း သောက်တယ် လှုပ်ရှားမှုသိပ်မရှိဘူး TV Game တွေ တအားဆော့တယ်။ ဒါကြောင့်မို့ အဝလွန်ရောဂါ နဲ့ ဆီးချိုသွေးချိုတွေကို ကလေးဘဝတွေမှာပါ တွေ့နေရတဲ့အတွက်ကြောင့် ကိုယ့်တူ ကိုယ့်သားလေး တွေ ဝတုတ်လေးတွေ ဖြစ်နေရင် ကျွန်တော်တို့က ဒါကို သတိထားရမယ့်အချက်တွေမှာ ပါနေပါတယ်။ ဒါကြောင့် အသက်အရွယ်နဲ့လည်းဆိုင်ပါတယ်။ ဆီးချိုသွေးချိုက ဘယ်လိုလူတွေ စစ်သင့်သလဲဆို တော့ ကျွန်တော်တို့ကတော့ အသက် ၄၅ နှစ်ကျော်ရင် လူတိုင်းသည် လက္ခဏာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စစ်ဆေးရမယ်လို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ နောက်တစ်ခု ဆီးချိုသွေးချို ဖြစ်ဖို့ အန္တရာယ်များတဲ့လူတွေက မျိုးရိုးရှိတဲ့လူတွေပေါ့နော်။ အဝလွန်တဲ့လူတွေ လှုပ်ရှားမှုနည်းတဲ့ လူတွေ သွေးတိုးတဲ့လူတွေ ဒီလူတွေအကုန်လုံးသည် စစ်သင့်တယ်လို့ ကျွန်တေ်ာကတော့ ယူဆပါ တယ်။

မေး။   ။ ဆရာကြီး ကနေပြီးတော့ ဆီးချိုသွေးချိုနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးပေးချင်တဲ့ Message လေး သတင်းစကားလေးလည်း ပေးပေးပါဦး ။

ဖြေ။    ။ ဟုတ်ကဲ့။ တစ်အချက်ကတော့ ဆီးချိုသွေးချိုက လူတိုင်းမှာဖြစ်နိုင်တယ်။ ၄၅ နှစ်ကျော်ရင် စစ်ကြည့်ပါ။ လက္ခဏာပေါ်ရင်လည်း စစ်ပါ။ ဘယ်လိုနည်းနဲ့စစ်ရမလဲဆို မနက်အစောကြီးစစ်ပါ။ ၁၂၆ မကျော်ရပါဘူး။ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရပါဘူး။ သုံးလတစ်ခါ A1C စစ်ရင် ၆ ဒသမ ၅ မကျော်ရပါဘူး။ ကျော်ရင် ဆီးချိုရှိတယ်လို့ သတ်မှတ်တယ်။ သက်ဆိုင်ရာဆရာဝန်နဲ့ ပြပါပေါ့နော်။ ပြပြီးလို့ ဆီးချိုရှိပြီဆိုရင်လည်း ဆေးမှန်မှန်သောက်ပါ။ ကိုယ့်ရဲ့ မှတ်တမ်းလေးကို သေသေချာချာ ထိန်းထားပါ။ မစားမီ ၁၃၀ စားပြီး ၁၈၀ ဘယ်အချိန်စစ်စစ် ၂၀၀ မကျော်ရဘူး သုံးလတစ်ခါစစ်ရင် ရ မကျော်ရဘူး။ အဲဒါကို မှန်မှန်လေးလုပ်ပေးပါ။ တစ်နှစ်တစ်ခါလောက် ကျောက်ကပ်၊ ECG၊ တို့ စစ်ပေး ပါလို့ ကျွန်တော် ပြောချင်ပါတယ်။ မဖြစ်သေးတဲ့လူတွေအတွက်ကတော့ ကြိုတင်ကာကွယ်ဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပါ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါလို့ ပြောချင်ပါတယ်။ ဒီစကားဝို်င်းလေးကို တကယ့်ကို ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ပေးတဲ့ မဇ္ဈိမနှင့် အဖွဲ့သားများ အားလုံးကို လည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။    ။

ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၁)

ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၂)

ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၃)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly