ပြင်ဦးလွင်ကန်တော်ကြီးဥယျာဉ် ဝင်ကြေး ပြောင်းလဲရန်မရှိသေး

ပြင်ဦးလွင်ကန်တော်ကြီးဥယျာဉ် ဝင်ကြေး ပြောင်းလဲရန်မရှိသေး

(၁၂)ကြိမ်မြောက် ပန်းပွဲတော် ကျင်းပမည့် ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ ဝင်ကြေး ပြောင်းလဲသတ်မှတ်ရန် လတ်တလော အစီအစဉ် မရှိသေးကြောင်း သိရသည်။

'' ကန်တော်ကြီးဥယျာဉ်က သစ်တောဦးစီးဌာနက ငှားရမ်းထားတာ ဖြစ်ပါတယ်၊ ဥယျာဉ် ၀င်ကြေးပြောင်းလဲတာ မပြောင်းလဲတာက ဥယျာဉ်စီမံခန့်ခွဲမှု သဘောဆန္ဒတစ်ခုတည်းနဲ့ လုပ်လို့ မရပါဘူး၊ လက်ရှိ အခြေအနေမှာတော့ ၀င်ကြေး ပြောင်းလဲမှာ မရှိပါဘူး၊ ၀င်ကြေး တစ်ဦးကို တစ်ထောင်ကျပ်ပဲ ကောက်ခံတာပါ '' ဟု  ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် စီမံကိန်း ဒါရိုက်တာ ဦးဝေမျိုးအောင်က ပြောသည်။

ယခုနှစ် ပြင်ဦးလွင် ပန်းပွဲတော် ကျင်းပရန် တစ်လခန့်လိုတော့သည်ဖြစ်ရာ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း နိုဝင်ဘာလ ပထမအပတ်မှစတင်၍ ပွဲတော်အတွက် ပန်းပျိုးပင် မျိုးစိတ်ပေါင်း (၂)သိန်း နီးပါး စိုက်ပျိုးထားသည်။

ပြင်ဦးလွင် ပန်းပွဲတော်ကို တစ်နှစ်ထက် တစ်နှစ် မတူအောင် ခင်းကျင်း ပြသနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ယခင်နှစ်ထက် ပိုမိုထူးခြား လှပသည့် ပန်းဖြင့် ပုံဖော်ထားသော ရုပ်လုံးရုပ်ကြွအရုပ် (၇)ရုပ် ထည့်သွင်းပြသနိုင်ရန် ရုပ်လုံးကြွပညာရှင် နှင့် ပန်းအတု အလှဆင်အဖွဲ့များ ပြင်ဆင်လျက်ရှိသည်။

(၁၂)ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်ကို ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် လာမည့် ဒီဇင်ဘာ(၁၆)ရက် မှ (၃၁)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly