ပီရူးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေး

ပီရူးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေး

ပီရူးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ်  ပီရူးအစိုးရက သတ်မှတ်ပေးခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲကို ပြန်လည်အောင်မြင်ခဲ့လို့ ပီရူးတစ်တိုင်းပြည်လုံး အလွန်ပျော်ရွှင်နေကြပါတယ်။

လီမာမြို့လယ်က ပလာဇာရှေ့မှာ ပီရူးလက်ရွေးစင်အသင်း အကျင်္ီဝင်ဆင်ထားကြတဲ့ သူတွေအများကြီးကို တွေ့မြင်ရပါတယ်။ တစ်ချို့က မိသားစုလိုက် ၀တ်ဆင်ထားကြပါတယ်။

“ပီရူးအသင်းကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခဲ့လို့ အားလုံး ၀မ်းသာနေကြတယ်။ မိသားစုတွေ သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် အောင်ပွဲခံလိုကြတယ်။ အစိုးရက ရုံးပိတ်ရက်သတ်မှတ်ပေးလိုက်တာ ကောင်းပါတယ်။ အလုပ်တွေ ကျောင်းတွေမရှိပဲ လွတ်လွတ်လပ်လပ်ပျော်ရတာပေါ့”

“ဒီလိုအခွင့်အရေးပေးလိုက်တာက တကယ်ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပီရူးအသင်းက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားပြိုင်ရတော့မှာလေဗျာ”

ပီရူးအသင်းဟာ သမုဒ္ဒရာပိုင်းဇုန်က နယူးဇီလန်အသင်းကို ကျော်ဖြတ်ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။ အဝေးကွင်းမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် အိမ်ကွင်းမှာတော့ ဖာဖန်နဲ့ ရာမို့စ်တို့ရဲ့ ဂိုးတွေနဲ့အနိုင်ရခဲ့ပါတယ်။ ပီရူးအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်ဆုံးဝင်ခွင့်ရခဲ့တဲ့ အသင်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly