Girl’s Day အဖွဲ့ဝင် ယူရာ၊ မင်းသား ပက်ခ်ဆိုဂျွန် နှင့် လီဒေါင်ဝုခ်တို့ Runnning Man အစီအစဉ်တွင် ပါဝင် သရုပ်ဆောင်သွားမည်

Girl’s Day အဖွဲ့ဝင် ယူရာ၊ မင်းသား ပက်ခ်ဆိုဂျွန် နှင့် လီဒေါင်ဝုခ်တို့ Runnning Man အစီအစဉ်တွင် ပါဝင် သရုပ်ဆောင်သွားမည်

တောင်ကိုရီးယား အဆိုတော်အဖွဲ့ Girl’s Day အဖွဲ့ဝင် ယူရာ၊ မင်းသား ပက်ခ်ဆိုဂျွန် နှင့် လီဒေါင်ဝုခ်တို့သည် မကြာမီ ထုတ်လွှင့်ပြသမည့် SBS ရုပ်သံ၏ Running Man အစီအစဉ်တွင် ပါဝင်သရုပ်ဆောင် သွားမည် ဖြစ်သည်။

ယူရာ၊ ပက်ခ်ဆိုဂျွန် နှင့် လီဒေါင်ဝုခ်တို့ သုံးဦးသည် လူငယ်များအတွက် အထူးအစီအစဉ်တွင် ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း မီဒီယာတစ်ခုက သြဂုတ် ၁၇ ရက်တွင် ပြောကြားသည်။

ယူရာ၊ ပက်ခ်ဆိုဂျွန်နှင့် လီဒေါင်ဝုဒ်တို့ ပါဝင်သရုပ်ဆောင်ထားသော အပိုင်းကို သြဂုတ်လလယ် တွင် ပြသသွားမည် ဖြစ်သည်။ ပက်ဆိုဂျွန် နှင့် လီဒေါင်ဝုခ်တို့ ပါဝင်သရုပ်ဆောင်ထားသော Beauty Inside ဇာတ်ကားကို သြဂုတ် ၂၀ ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသသွားမည် ဖြစ်သည်။

ယူရာသည် Girl’s Day အဖွဲ့နှင့် ဂျပန်တေးသီချင်း အယ်လ်ဘမ်အတွက် ပြင်ဆင်မှုများ ပြုလုပ် လျက်ရှိပြီး အဆိုပါ တေးသီချင်းအယ်လ်ဘမ်ကို စက်တင်ဘာလတွင် ထွက်ရှိရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly