သရုပ်ဆောင် ညီထွဋ်ခေါင် ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ကူးထားသည့် ဗီဒီယို ဇာတ်ကားများ မကြာမီ ဖြန့်ချိမည်

သရုပ်ဆောင် ညီထွဋ်ခေါင် ခေါင်းဆောင် မင်းသားအဖြစ် ရိုက်ကူးထားသည့် ဗီဒီယို ဇာတ်ကားများ မကြာမီ ဖြန့်ချိမည်

ရန်ကုန် ၊ သြဂုတ် ၁၈ ။          ။ အောင်သီရိ ဗီဒီယိုထုတ်လုပ်ရေးက သရုပ်ဆောင် ညီထွဋ်ခေါင်အား ခေါင်းဆောင်မင်းသား အဖြစ် ရိုက်ကူးထားသည့် ဗီဒီယို ခြောက်ကားမှ တစ်ကားဖြစ် သည့်ကောက် စားမယ် ဗီဒီယို ဇာတ်ကား ကို စက်တင်ဘာလတွင် စတင် ဖြန့်ချိတော့မည် ဖြစ်သည်။

အောင်သီရိ ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးထားသည့် သရုပ်ဆောင် ညီထွဋ်ခေါင်၏ ဗီဒီယို ဇာတ်ကားများ စာနယ်ဇင်း မိတ်ဆက်ပွဲကို သြဂုတ် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပခဲ့သည်။
သရုပ်ဆောင် ညီထွဋ်ခေါင်သည် အောင်သီရိ ဗီဒီယိုထုတ်လုပ်ရေးနှင့်အတူ ဗီဒီယို ဇာတ်ကား ခြောက်ကား ရိုက်ကူးထားပြီး ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးထားသည့် ဗီဒီယို ဇာတ်ကား များဖြစ်သည်။

ကောက်စားမယ် ဗီဒီယိုဇာတ်ကားတွင် ဒါရိုက်တာ ကျော်ဇောလင်း၏ (အတွေးပုံရိပ်) ရိုက်ကူး ပြီး သရုပ်ဆောင် ညီထွဋ်ခေါင်၊ သွန်းဆက်၊ ယွန်းရွှေရည်၊ ကိုပေါက်၊ ဒိန်းဒေါင်၊ ဟား ၅ ကောင်အဖွဲ့ ၊မြန်မာပြည်စတားအဖွဲ့တို့ဖြင့် ရိုက်ကူးထားခြင်း ဖြစ်သည်။

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးထားသည့် မြားနတ်မောင် ဝုန်းဒိုင်းကြဲနေသည် ဗီဒီယိုဇာတ်ကားတွင် သရုပ်ဆောင် ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ခင်ဇာခြည်ကျော်၊ ခိုင်နှင်းဝေ တို့က ပါဝင်သရုပ်ဆောင်ထားသည်။

ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးသည့် လမ်းပျောက်တဲ့သား ဗီဒီယိုဇာတ်ကားတွင် သရုပ် ဆောင် ညီထွဋ်ခေါင်၊ စိုးမြတ်သူဇာ၊ သွန်းဆက် တို့မှ ပါဝင်သရုပ်ဆောင်ထားသည်။ ပါးတစ်ချက် ၁၅၀၀ ဇာတ်ကားတွင် ဒါရိုက်တာ နေပိုင် ရိုက်ကူးပြီး သရုပ်ဆောင် ညီထွဋ်ခေါင်၊ သင်ဇာဝင့်ကျော်၊ ကျော်ကျော်၊ ပြေဇင် တို့ ပါဝင်ထားသည်။

ယင်းအပြင် မလိမ်မိုးမလိမ္မာ၊ တန်ဖိုးနည်းအချစ် စသည့် ဗီဒီယို ဇာတ်ကားများကိုလည်း ရိုက်ကူးထားပြီး ဖြစ်သည်။

အောင်သီရိ ဗီဒီယိုထုတ်လုပ်ရေးမှ ဒေါက်တာ ကျော်ကျော်ဦး က "သူဟာ ဇာတ်ကားတွေမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တယ်။ အရည်အချင်းရှိတဲ့ သူ့ကို ဒုတိယမင်းသားနေရာနဲ့ မရပ်တန့်စေချင် ဘူး၊ ခေါင်းဆောင် မင်းသား ဖြစ်စေချင်တယ်။ သူကိုယ်တိုင်ကလည်း ဒီလို စိတ်ဆန္ဒရှိတဲ့ အတွက် ကျွန်တော်တို့ အခုလို ယုံကြည်စွာနဲ့ လက်တွဲပြီး လုပ်ဖြစ်ကြတာ ဖြစ်ပါတယ်" ဟု ပြောသည်။

အောင်သီရိ ဗီဒီယိုထုတ်လုပ်ရေးက သရုပ်ဆောင် ညီထွဋ်ခေါင်ကို တိုက်ပိုင် မင်းသား အဖြစ် စာချုပ်စာတမ်း ချုပ်ဆိုပြီး ရိုက်ကူးခြင်း မဟုတ်ဘဲ နှစ်ဦးနှစ်ဘက် နားလည်မှုဖြင့် လွတ်လပ်စွာ ရိုက်ကူးခြင်းဖြစ် သည်။

သို့ကြောင့်  သရုပ်ဆောင် ညီထွဋ်ခေါင် သည် အခြားဗီဒီယို ထုတ်လုပ်ရေးနှင့် ဇာတ်ကားများ ရိုက်ကူးနိုင်သကဲ့သို့  အနုပညာအလုပ်များကို လွတ်လပ်စွာ လုပ်ကိုင်နိုင်မည် ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly