ဖခင်တွေနဲ့ပတ်သက်တဲ့ ယုံတမ်းပုံပြင်တွေကို မယုံသင့်ဘူးလေ

ဖခင်တွေနဲ့ပတ်သက်တဲ့ ယုံတမ်းပုံပြင်တွေကို မယုံသင့်ဘူးလေ

ရေးသားသူ Dr.Aye Myat Myat Noe 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win. 

ဒါ မကြာခင်မိဘတွေဖြစ်လာတော့မယ့် သင်တို့ကိုပြောပြချင်တာပါ၊ ကြားဖူးနေကျဖြစ်တဲ့ ဖခင်တွေနဲ့ပတ်သတ်တဲ့ ယုံတမ်းစကားတွေအကြောင်းပေါ့။ သင်တွေးကောင်းတွေးလေ့ရှိပါလိိမ့်မယ်။

အဖေတွေက ကလေးမထိန်းတတ်ဘူး

ကလေးထိန်းတဲ့နေရာမှာ ဖခင်တွေဟာ သူတို့အမျိုးသမီးတွေလောက် အရေးမကြီးပါဘူးလို့ ထင်တတ်ကြတယ်။ ဒါမှားပါတယ် ဘာလို့လဲဆို ယောကျ်ားရော မိန်းမရော နှစ်ယောက်စလုံးဟာ ကလေးမရဖူးမချင်း ကလေးထိန်းတာနဲ့ပတ်သတ်ပြီး ဘာမှမသိကြပါဘူး။ ဒါပေမယ့် မိခင်တွေက ရင်သွေးလေးကို ၉ လကြာလွယ်ထားခဲ့တာကြောင့် ကလေးနဲ့ အချိန်ပိုကြာကြာရှိနေနိုင်သလိုဖြစ်နေပါတယ်။ ပြီးတော့ မိခင်တွေဟာ မိသားစု၊ သူငယ်ချင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကနေ အားပေးမှုတွေလည်းရပါသေးတယ်။ ဖခင်တွေဟာ ကလေးပြုစုပျိုးထောင်နို်င်စွမ်းမနည်းပါဘူး။ သူတို့က မိခင်တွေနဲ့ယှဉ်ရင်သာ နည်းနည်းလေးနောက်ကျပြီးမှ ကလေးနဲ့စသိခွင့်ရတာပါ။ ဖခင်တွေလည်း ကလေးငယ်လေးတွေကိုဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ စာအုပ်တွေဖတ်ပြီး လေ့လာပြီး သူတို့အမျိုးသမီးတွေကို ကူညီနိုင်ပါတယ်။

အဖေတွေကမီးဖွားဖို့အတွက်ဘာမှလုပ်တာမဟုတ်ဘူး

မှားပါတယ်။ ဒီနေ့တွေမှာ ဖခင်တွေအများအပြားဟာ သူတို့အမျိုးသမီးတွေ မီးဖွားဖို့အတွက် ဆေးရုံကိုလိုက်ပါစောင့်ရှောက်နေကြပါပြီ။ ဖခင်တစ်ယောက်ဟာ မိခင်လောင်းလေးကို စိတ်လျှော့နိုင်အောင် ကူညီပေးရင်း သူ့ဘေးမှာရှိနေနိုင်ပါတယ်။ သူဟာမိခင်တွေကို စိတ်သက်သာရာရအောင်ပြောပေးနိုင်မယ်၊ ပစ္စည်းတွေသယ်ပေးမယ်၊ အငှားယာဉ်ခေါ်ပေးနိုင်တယ်၊ ဇနီးသည်ကိုအားပေးနှစ်သိမ့်နိုင်ပါတယ်။ ကိုယ်ဝန်သည်အများစုဟာ ကလေးအဖေဘေးမှာရှိနေရင် မွေးရဖွားရပိုလွယ်ကူတတ်ပါတယ်။ ဖခင်တွေက တူညီတဲ့မီးဖွားတဲ့ဝေဒနာကို ကူညီမခံစားပေးနိုင်ပေမယ့် ဇနီးသည်ကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့မီးဖွားနိုင်ရေးအတွက်တော့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် မီးဖွားတဲ့နေရာမှာ ဖခင်တွေရဲ့အရေးပါမှုကိုလည်း အထင်မသေးလိုက်ပါနဲ့။

အဖေတွေကမွေးကင်းစလေးနဲ့တူတူရှိနေစရာမလိုဘူး

မွေးကင်းစလေးတွေက အိပ်တာ နို့စို့တာနဲ့ပဲ အချိန်ကုန်နေတာပါ။ ဒါကြောင့် ဖခင်တွေထက် မိခင်ကိုသာပိုလိုအပ်တာပေါ့၊ ဒီအချက်ကြောင့်လည်း မွေးကင်းစလေးက ဖခင်ကိုလိုအပ်ပါဦးမလား လို့တွေးကောင်းတွေးနိုင်ပါတယ်။ လိုအပ်ပါတယ် …. သင်ဟာ သူတို့လေးတွေရဲ့ဘဝဖြစ်ပြီး သူတို့ကသင်နဲ့အတူရှိနေရတာကိုကြိုက်ပါတယ်။ သင့်ကလေးနဲ့သံယောဇဉ်ပိုတွယ်စေရန် ကလေးကိုချီပွေ့ပြီး ချော့မြှူပါ။ မိခင်ဖြစ်သူက နို့ရည်ကို ပုလင်းလေးထဲညှစ်ထည့်ပေးပြီး သင်ကကလေးကို နို့ဘူးနဲ့နို့ တိိုုက်ကျွေးလို့ရပါသေးတယ်။ ဒါမှမဟုတ် ကလေးနို့စို့ပြီးချိန်မှာ သင့်အမျိုးသမီးကို နားချိန်ပေးဖို့အတွက် သင်အလှည့်ကျတာဝန်ယူူလို့လည်းရပါတယ်။

အဖေတွေအိမ်မှာမရှိလည်းရတယ်

ဖခင်တွေဟာ များသောအားဖြင့် အလုပ်လုပ်ပြီး ပိုက်ဆံရှာပေးဖို့ပဲလို့ တွေးကြပါတယ်။ ဒါကြောင့် ဖခင်တွေ သူတို့အိမ်မှာရှိရှိ မရှိရှိ ဘာမှမထူးဖူးလို့ ထင်နို်င်စေပါတယ်။ ဒါပေမယ့် တကယ်တာ့ဖခင်တွေဟာ ကလေးတွေရဲ့ စိ်တ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် မိခင်တွေလိုပဲ တူညီစွာလိုအပ်ပါတယ်။ ဖခင်ရဲ့ဂရုစိုက်မှုကိုမရတဲ့ကလေးဟာ အနာဂတ်မှာ ဒေါသကြီးတတ်သူလေးတွေဖြစ်လာတတ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဖခင်တွေ အိမ်အတွက်အချိန်ပေးခြင်းဟာ အိမ်အလုပ်တွေကူညီလို့ရတာအပြင် မိသားစုတစ်ဦးနဲ့တစ်ဦးကိုလည်း ပိုမိုသံယောဇဉ်တွယ်စေပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly