ငြိမ်းချမ်းရေးကော်မရှင်တို့ နှင့် DPN တို့ အပစ်ရပ်လက်မှတ် ထိုး၊ မထိုး အပြီးသတ်ဆွေးနွေးပွဲ ပျက်

ငြိမ်းချမ်းရေးကော်မရှင်တို့ နှင့် DPN တို့ အပစ်ရပ်လက်မှတ် ထိုး၊ မထိုး အပြီးသတ်ဆွေးနွေးပွဲ ပျက်

ရန်ကုန်၊ အောက်တိုဘာ ၁၆ ။            ။ ငြိမ်းချမ်းရေးကော်မရှင်တို့ နှင့် DPN တို့ အပစ်ရပ်လက်မှတ် ထိုး၊ မထိုး တရားဝင် အပြီးသတ်ဆွေးနွေးပွဲ အစီအစဉ်ပျက်၍ မဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ NCA အပစ်ရပ်လက်မှတ် ထိုး၊ မထိုး ဆွေးနွေးပွဲတွင် လေ့လာသူအနေဖြင့် တတ်ရောက်ရန်  ရန်ကုန်မြို့ ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ ရောက်ရှိခဲ့သည့် ရခိုင်လွှတ်မြောက် ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်းက “ တက်မလို့ လာတယ်။ ဒါပေမယ့် အစီအစဉ် မရှိတော့ဘူးဆိုတာ လောက်ပဲ သိတာပေါ့နော်။ ဘာမှလည်း အတိအကျ မသိဘူး” ဟု ပြောဆိုသည်။

DPN နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့  ၈ ကြိမ်မြောက် တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် အစိုးရဘက်မှ ပြင်ဆင်လိုသည့် အချက်အလက်များကို သက်ဆိုင်ရာအဖွဲ့များထံ တင်ပြသဘောတူညီချက် ရယူပြီးနောက် ယနေ့ (နိုဝင်ဘာ ၁၆ ရက်) အပြီးသတ်ဆွေးနွေးရန် ရက်သတ်မှတ်ခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးကော်မရှင် နှင့် DPN မှ တာဝန်ရှိသူများထံ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရန်ကြိုးပမ်းသော်လည်း ဖုန်းဖြေကြားခြင်းမရှိပေ။

ထို့အပြင် “ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (DPN) သည် အစိုုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် နဝမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ထပ်မံပြုလုုပ်ရန် DPN အဖွဲ့ ခေါင်းဆောင် ခူဦးရယ် ဦး ဆောင် သည့် ကိုုယ်စားလှယ်သည် ယနေ့တွင် ရန်ကုုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးသို့ ထွက်ခွာ သွားပါသည် “ ဟု UNFC  ၏တရားဝင် လူမှုကွက်စာမျက်နှာ တွင်လည်း နိုဝင်ဘာ ၁၅ ရက်နေ့က ရေးသား ထားသည်။

UNFC သည် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့်တစ်နှစ်ခွဲကျော်ကြသည်အထိ အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးနေခဲ့ကြ ခြင်းလည်းဖြစ်သည်။

ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် NCA လက်မှတ် မရေးထိုးရသေးသည့် ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ်အဖွဲ့အစည်း(LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

ငြိမ်းရေးကော်မရှင် (PC) နှင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ဖွဲ့ထား သည့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (DPN) ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly