ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် အိုင်အက်စ်တို့က တူရကီသမ္မတ အာဒိုဂန်ကို သစ္စာဖောက် ဟု သုံးနှုန်းပြီး ဘုရားမဲ့များကို တိုက်ခိုက်ရန် မွတ်စလင်များအား တိုက်တွန်း

ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် အိုင်အက်စ်တို့က တူရကီသမ္မတ အာဒိုဂန်ကို သစ္စာဖောက် ဟု သုံးနှုန်းပြီး ဘုရားမဲ့များကို တိုက်ခိုက်ရန် မွတ်စလင်များအား တိုက်တွန်း
အီရတ်နိုင်ငံမြောက်ပိုင်းတစ်နေရာတွင် အိုင်အက်စ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - google image

အန်ကာရာ၊ သြဂုတ် ၁၈ ။          ။ အိုင်အက်စ် စစ်သွေးကြွများက တူရကီသမ္မတ ရီဆပ်တေးယစ် အာဒိုဂန်ကို အုပ်စုအား တိုက်ခိုက်ရန် အမေရိကန်ကို လေတပ်အခြေစိုက်စခန်းများ အသုံးပြုခွင့်ပေးသည့် အတွက် သစ္စာ ဖောက်ဟု ခေါ်တွင်လိုက်ပြီး တူရကီရှိ မွတ်စလင်များကိုလည်း အိုင်အက်စ်အုပ်စုအား ထောက်ခံရန်နှင့် ခရူးဆိတ်ဒါများ၊ ဘုရားမဲ့များနှင့် ရက်စက်ကြမ်းကြုတ်သော အာဏာရှင်များကို ဆန့်ကျင်တိုက်ခိုက်ကြ ရန် တိုက်တွန်းခဲ့သည်။

သြဂုတ်လ ၁၇ ရက်နေ့က လူမှုကွန်ရက် တွစ်တာပေါ်တွင် လွှင့်တင်လာသည့် အိုင်အက်စ် အုပ်စု၏ ဗီဒီယိုမက်ဆေ့ချ်တွင် စစ်သွေးကြွနှစ်ဦး ခြံရံထားသည့် တူရကီစကားပြော တိုက်ခိုက်ရေးသ မားက အာဒိုဂန်ကို အမေရိကန်အား အစ္စလာမ်ပြည်သူများကို ဗုံးကြဲတိုက်ခိုက်ခွင့် ပြုနေသည်ဟု စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်များ တူရကီလေတပ်စခန်းသို့ ရောက်ရှိလာပြီး အိုင်အက်စ်အုပ်စုအား ချေမှုန်းရန် စစ်ဆင်ရေးဖြင့် ဆီးရီးယားနိုင်ငံပေါ်တွင် စတင်ပျံ သန်းလျက် ရှိသည်။

အိုင်အက်စ်တို့၏ ဗီဒီယိုမက်ဆေ့ချ်နှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသော်လည်း လူမှုမီဒီယာပေါ်တွင်မူ အိုင်အက်စ်ထောက်ခံသူများက ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလျက်ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly