အီတလီဘောလုံးအဖွဲ့ချုပ် နည်းပြ ဗန်တူရာကို ရာထူးမှ ထုတ်ပယ်

အီတလီဘောလုံးအဖွဲ့ချုပ် နည်းပြ ဗန်တူရာကို ရာထူးမှ ထုတ်ပယ်
(ဓာတ်ပုံ - အီးပီအေ)

အီတလီလက်ရွေးစင်အသင်းဟာ ဆယ်စုနှစ် ၆ ခုအတွင်း ကမ႓ာ့ဖလားပြိုင်ပွဲနှင့် ပထမဆုံးအကြိမ် လွှဲချော်ခဲ့ပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) က ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိတဲ့ နည်းပြ ဗန်တူရာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

FIGC ဥက္ကဌ Carlo Tavecchio ဟာ ရောမမြို့မှာ အဖွဲ့ချုပ်ဝင်များနှင့် တွေ့ဆုံပြီးနောက် အသက် ၆၉ နှစ်အရွယ် ဗန်တူရာကို ထုတ်ပယ်လိုက်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

“ဒီနေ့ကနေ ဗန်တူရာဟာ အီတလီလက်ရွေးစင်ရဲ့ နည်းပြအဖြစ် ရှိနေမှာ မဟုတ်တော့ပါဘူး”လို့ Tavecchio က ကြေညာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

အီတလီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ခွင့် ဥရောပဇုန် Play-off ခြေစစ်ပွဲ ပထမအကျော့မှာ ဆွီဒင်အသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့မှာ ဆွီဒင်အသင်းကို ဂိုးမရှိ သရေကျခဲ့ရာ ၁၉၅၈ နောက်ပိုင်း နှစ်ပေါင်း ၆၀ အတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်နှင့် ပထမဆုံးအကြိမ် လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly