အကျဉ်းကျခံစာရေးဆရာများနှင့် ၆၆ ဃ ဖြင့် တရားစွဲခံစာနယ်ဇင်းသမားများ လွတ်လပ်ခွင့်ပေးရန် Pen Myanmar တောင်းဆို

အကျဉ်းကျခံစာရေးဆရာများနှင့် ၆၆ ဃ ဖြင့် တရားစွဲခံစာနယ်ဇင်းသမားများ လွတ်လပ်ခွင့်ပေးရန် Pen Myanmar တောင်းဆို

ရန်ကုန် နိုဝင်ဘာ ၁၅ ။              ။ အကျဉ်းကျခံနေရသည့် စာရေးဆရာများနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲဆို ခံထားရသည့်စာနယ်ဇင်းသမားများကို အမြန်ဆုံး လွတ်လပ်ခွင့်ပေးရန် Pen Myanmar အဖွဲ့က တောင်းဆိုလိုက်သည်။

ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ တော်ဝင်စင်တာတွင်ပြုလုပ်သည့် ငြိမ်းချမ်းရေး ကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

" ၆၆ ဃကို တစ်ကယ်အာဏာဆုပ်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေက လက်နတ်သဖွယ် အသုံးချ ပြီးတော့ စာရေးဆရာတွေ ၊ ကဗျာဆရာတွေ ၊သတင်းသမားတွေ ၊အယ်ဒီတာတွေကို ထောင်ချနေ တယ်၊ ဒါက လွတ်လပ်စွာရေးသားထုတ်ဝေခွင့်ဆို တာကို ဒီမိုကရေစီမှာ အရမ်းအရေးကြီးတဲ့သွေး ကြောကြီးကို ဖြတ်တောက်နေတာပဲ၊ အဲဒါကြောင့် ပန်မြန်မာက ဦးသိန်းစိန်အစိုးရလက်ထက်ကနေ အခု အမေစုအစိုးရလက်ထက်အထိ တောင်းဆိုနေ တာ" ဟု Pen Myanmar အဖွဲ့၏ဒါရိုက်တာ ကဗျာဆရာစောဝေက ပြောသည်။

ထို့ပြင် နိုင်ငံငြိမ်းချမ်းရေးနှင့် အကျဉ်းကျခံနေရသည့်စာရေး ဆရာများလွတ်မြောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ် သည်ဟု ကဗျာဆရာစောဝေက ဆက်လက်ပြော သည်။

" ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် တိုင်းပြည်လည်းငြိမ်းချမ်းမယ်၊ အကျဉ်းချခံရတဲ့ စာရေးဆရာတွေလည်း ရှိမှာမဟုတ်တော့ဘူး၊ အဲဒီတော့ ဒီလိုအကျဉ်းချခံရတဲ့စာရေးဆရာတွေ မရှိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကိုပြင်ရ မယ်၊ ပြင်ဖို့အတွက်က လွှတ်တော်ထဲက လုပ်လို့ မရဘူး၊ သူတို့က လွတ်တော်ထဲက လုပ်မရအောင် လုပ်သွားခဲ့တာ၊ အဲဒီတော့ ငြိမ်းချမ်းရေး၊ ပင်လုံက ပဲ လုပ်ရမယ်၊ ပြင်ရမယ်၊ ဒါကို ကမ္ဘာကလည်း အား ပေးတယ်၊ ဖယ်ဒရယ်စနစ်နဲ့ငြိမ်းချမ်းအောင်လုပ်ဖို့ ဒီနည်းလမ်းပဲရှိတယ်" ဟု ကဗျာ ဆရာစောဝေက ဆက်လက်ပြောသည်။

အခမ်းအနားတွင် Pen Myanmar အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်ညိမ်းနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ဦးခင်အောင်အေးတို့က အမှာစကားပြောကြားခဲ့ပြီး အကျဉ်းချခံစာရေးဆရာများအကြောင်း စာတမ်း ဖတ်ကြားခဲ့သည်။

တော်ဝင်စင်တာတွင်ပြုလုပ်သည့် ငြိမ်းချမ်းရေး ကဗျာသရုပ်ဖော်တင်ဆက်မှုပြိုင်ပွဲကို မြန်မာပြည်သူပြည်သားများအကြားတွင် ငြိမ်းချမ်း ရေးစိတ်ဓာတ်ပြန့်ပွားရေးအတွက် ရည်ရွယ်ပြုလုပ် ခြင်းဖြစ်ကြောင်း ၊ ကဗျာသရုပ်ဖော်တင်ဆက်မှုကို အဖွဲ့ ၁၁ ဖွဲ့က ယှဉ်ပြိုင်ခဲ့ကြပြီး  ကဗျာသင်ပုန်း ( ရာမညမြေ) ၊ Oxygen ၊ မြစိမ်းတောင်မှ သက်တန့် ရောင်၊ မောင်သုည (မန်းတော်သားအဖွဲ့) နှင့် ငြိမ်းချမ်းစိမ်းလန်းအဖွဲ့တို့ စကာတင် ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly