ကျံုပျော်တွင် ခရစ်တော်အကြောင်းပြု၍ လူစုုလူဝေးမပြုရန် တားမြစ်

ကျံုပျော်တွင် ခရစ်တော်အကြောင်းပြု၍ လူစုုလူဝေးမပြုရန် တားမြစ်

ကျံုပျော် နိုဝင်ဘာ ၁၅ ။         ။ ကျံုပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာတွင် ခရစ်တော်ရဲ့တပည့်တော်များ မိတ်သယာယမိသားစုဝင်များဟုဆိုကာ သင်တန်းဖွင့်ခြင်း လူစုဝေးခြင်းမပြုလုပ်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအစည်းအဝေးဆုံးဖြတ်ချက်အရ တားမြစ်လိုက်သည်။

"ဘာသာရေးအဖွဲ့ကို ဘယ်လိုမျိုးဆက်လက်ပြီး ဥပဒေကြောင်းနဲ့အညီ ကိုင်တွယ်သွားမလည်းဆိုတာကို အစိုးရအဖွဲ့ ဥပဒေချုပ်ကနေပြီး အချက်အလက် အထောက်အထားပြည့်ပြည့်စုံစုံနဲ့ ဥပဒေအကြံပေးဖို့တောင်းခံသွားမယ်” ဟု တိုင်းဒေသကြီးစည်ပင်ဝန်ကြီး ဦးကျော်မြင့်ကပြောသည်။

ဥပဒေအကြံပြုချက်နှင့်အညီဆောင်ရွက်သည့် ပြီးစီးမှု အခြေအနေပြန်လည်တင်ပြရန်၊ တိုင်းဒေသကြီးအတွင်း ခွင့်ပြုချက်မရှိပဲ ခရစ်ယာန်ဘာသာရေးဝိညာဉ်မိသားစုသင်တန်းဖွင့်လှစ်ခြင်း လူစုလူဝေး လူစုဝေးခြင်းမပြုလုပ်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ကပြောသည်။

ကျံုပျော်မြို့နယ်၊လှည်းဆိပ်ကျေးရွာတွင် ခရစ်တော်၏ တပည့်တော်များမိတ်သဟာယမိသားစုဝင်များ ရက် ၄၀ သင်တန်းပေးခြင်းများ ပြုလုပ်လျက်ရှိပြီး၊ ယင်းအဖွဲ့သည် ၂၀၁၁ခုနှစ်တွင်စတင်ပေါ်ပေါက်ခြင်းဖြစ်သည်။

ယင်းအဖွဲ့ကိုပြည်တွင်းခရစ်ယာန် အဖွဲ့များက ဘာသာရေးနှင့်မကိုက်ညီကြောင်း ကန့်ကွက်ထားပြီးယင်းအဖွဲ့က စွပ်စွဲချက်များမှားယွင်းကြောင်း ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly