ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာသော လူကာကူ

ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာသော လူကာကူ

နိုဝင်ဘာ ၁၅၊ အင်္ဂလန် ။            ။ ဘယ်လ်ဂျီယံအသင်းက ဂျပန်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲစဉ်တွင် တစ်လုံးတည်းသော အနိုင်ဂိုးကိုသွင်းယူပေးခဲ့သော တိုက်စစ်မှူးလူကာကူသည် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းသမိုင်းတွင် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့သည်။

ထိုပွဲစဉ်တွင် ပွဲချိန် ရ၂ မိနစ်၌ ချက်ဒ်လီ၏ဖြတ်တင်ဘောကို လူကာကူက ခေါင်းတိုက်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ ထိုဂိုးမှာ လူကာကူ၏ ဘယ်လ်ဂျီယံအသင်းအတွက် ၃၁ ဂိုးမြောက် နိုင်ငံတကာသွင်းဂိုးဖြစ်သည်။

ပြီးခဲ့သောအပတ်က မက္ကဆီကိုနှင့်ပွဲတွင် လူကာကူသည် ဘားနက်ဗော်ဟုဖ်နှင့် ပေါဗန်ဟင်တို့၏ ဂိုး ၃၀ စံချိန်ကို လိုက်မီခဲ့ပြီး ယခု စံချိန်ချိုးခဲ့ခြင်း ဖြစ်သည်။

လူကာကူသည် အသက် ၂၄ နှစ်အရွယ်တွင် ဘယ်လ်ဂျီယံအသင်းအတွက် ၆၄ ပွဲ ပါ၀င်ကစားခဲ့ပြီး ၃၁ ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ရည်ညွှန်း foxsports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly