နယူးဇီလန်အသင်းကို ပီရူးနတ်ဆရာများ ကျိန်စာတိုက်

နယူးဇီလန်အသင်းကို ပီရူးနတ်ဆရာများ ကျိန်စာတိုက်

ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံး Play Off ပွဲစဉ်မှာ ပီရူးအသင်းက နယူးဇီလန်အသင်းကို အနိုင်ရစေဖို့ ပီရူးနတ်ဆရာတွေက ကျိန်စာတိုက် ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပီရူးနဲ့နယူးဇီလန်တို့ကစားကြမယ့် အမျိုးသားအားကစားကွင်းကြီးရဲ့ရှေ့မှာ နတ်ဆရာနဲ့အပေါင်းအပါတွေ ဆုတောင်းမှုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ နယူးဇီလန်းအသင်းရဲ့ဓာတ်ပုံပေါ်ကို တက်နင်းပြီး ကကြသလို မြွေတွေ ရေမန်းတွေနဲ့ သူတို့ရိုးရာနည်းအတိုင်း ကျိမ်စာတိုက်ကြပါတယ်။ ပီရူးအသင်းသားတွေရဲ့ ဓာတ်ပုံတွေကိုတော့ အမွှေးနံသာတွေ၊ ပန်းတွေနဲ့ပက်ဖြန်းပြီး ကံကြမ္မာကောင်းတွေရရှိစေဖို့ လုပ်ကြပါတယ်။

ပီရူးနဲ့နယူးဇီလန်တို့ဟာ နယူးဇီလန်ကွင်းမှာ ဂိုးမရှိသရေကျထားပြီး လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဒုတိယအကျော့ကို ပီရူးကွင်းမှာ ကစားမှာဖြစ်ပါတယ်။

နတ်ဆရာတစ်ဦးဖြစ်တဲ့ ဂျူအန်အော်စကိုကတော့ အခုလိုပြောပါတယ်။ “နယူးဇီလန်အသင်းကို ရိုးရာနည်းနဲ့ ကံဆိုးမှုတွေဖြစ်အောင် လုပ်နေတာပါ။ ပါ..ပါ..ဘာ ကျွန်တော်တို့အသင်းသူတို့ကို အနိုင်ကစားမယ်။ သူတို့ကို အနိုင်ကစားပြီး ကျွန်တာ်တို့အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲဆီသွားမယ်။ ရုရှကိုသွားမယ်” လို့ ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly