မုံရွာတွင်ဘိန်းဖြူများ ဖမ်းမိ

မုံရွာတွင်ဘိန်းဖြူများ ဖမ်းမိ

မုံရွာ၊ နိုဝင်ဘာ ၁၅ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယခုလ ၁၄ ရက်နေ့က ဘိန်းဖြူ ကျပ်သိန်း ၅၀ ကျော်ဖိုးခန့် ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။

ဘိန်းဖြူအမှုန့် ၅၅ ဒသမ ၄ ဂရမ်၊ ကာလတန်ဖိုး (၅၅၄၀၀၀၀)ကျပ်ကို  ဖမ်းမိခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၄ ရက်နေ့က မုံရွာမူးယစ်တပ်ဖွဲ့စု နှင့် မုံရွာနယ်မြေရဲစခန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဘုန်းစိုးလမ်းနှင့်ပိတောက်လမ်းဆုံတွင် စောင့်ဆိုင်းနေခဲ့ရာ ဆိုင်ကယ်မောင်းနှင့် လာသော အသက် (၂၀)အရွယ် အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူ (၀ ဒသမ ၆) ဂရမ်  ဖမ်းမိခဲ့သည်။

၄င်း၏နေအိမ်တွင်လည်း ဘိန်းဖြူများကျန်ရှိနေသေးကြောင်း ထွက်ဆိုသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ယင်းကြောင့် မူးယစ်ဆေးများလက်ဝယ်တွေ့ရှိသူ အသက် (၂၀)အရွယ်အမျိုးသားအား မုံရွာနယ်မြေရဲစခန်း တွင် မယ(ပ)၁၃/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အရအမှုဖွင့်အရေးယူထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly