Lord of the Rings ရုပ်ရှင်ဇာတ်ကားကို ရုပ်သံဇာတ်လမ်းအဖြစ် ပြောင်းလဲရိုက်ကူးရန်စီစဉ်

Lord of the Rings ရုပ်ရှင်ဇာတ်ကားကို ရုပ်သံဇာတ်လမ်းအဖြစ် ပြောင်းလဲရိုက်ကူးရန်စီစဉ်

 

နာမည်ကျော်သုံးကားတွဲရုပ်ရှင်ဖြစ်သည့် The Lord of the Rings ကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲ ရိုက်ကူးရန် Amazon မှ စီစဉ်နေသည်။

JRR Tolkien ရေးသားသော The Lord of the Rings ဂန္တဝင်ဝတ္ထုရှည်ကြီးကို သုံးကားတွဲအဖြစ်ဖန်တီးရိုက်ကူး ထားခဲ့ပြီး ကမ္ဘာကျော်ခဲ့ကာ ထိုထဲမှပထမဦးဆုံးဇာတ်ကားဖြစ်သည့် The Fellowship of The Ring မတိုင်မီ ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းများကိုဇာတ်အိမ်တည်ကာ ရုပ်သံဇာတ်လမ်းတွဲအဖြစ် ထုတ်လွှင့်ရန် Amazon က စီစဉ်နေကြောင်း သိရသည်။

ဒါရိုက်တာပီတာဂျက်ဆန်ရိုက်ကူးခဲ့သော The Lord of the Rings ဇာတ်ကားများသည် စုစုပေါင်းအော်စကာဆု ၁၇ ခန့်ရရှိခဲ့သည်အထိ အောင်မြင်ခဲ့ပြီး   ငွေကြေးပိုင်းအနေနှင့်လည်း   ဒေါ်လာသန်းထောင်ပေါင်းများစွာ ရရှိခဲ့ သည်။

Amazon ၏ ဇာတ်လမ်းတွဲဇာတ်ညွှန်းပိုင်း၏ အကြီးအကဲဖြစ်သူ ရှာရွန်တယ်လ်ယန်ဒိုက “ The Lord of the Rings ဇာတ်လမ်းဟာ စာပေနယ်နဲ့ ရုပ်ရှင်နယ်ပယ်က ပရိသတ်မျိုးဆက်များအားလုံးရဲ့ စိတ်အာရုံကို ဖမ်းစား နိုင်စွမ်းရှိပါတယ်” ဟု ပြောခဲ့သည်။

ဒါ့အပြင် သူမသည် ပရိတ်သတ်များအား Middle-earth ကမ္ဘာသို့ ပြန်လည်သွားရောက်မည့် ခရီးစဉ်ကြီးတစ်ခု အား ချပြနိုင်မည့်အတွက် အထူးစိတ်လှုပ်ရှားဝမ်းသားနေကြောင်း ပြောခဲ့သည်။

Amazon သည် မကြာမီတွင် The Lord of the Rings ရုပ်သံဇာတ်လမ်းတွဲ၌ ပါ၀င်ကြမည့်သရုပ်ဆောင်များနှင့် ထွက်ရှိမည့်အချိန်ကို ကြေညာတော့မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly