တေလာဆွစ်၏ Reputation အယ်လ်ဘမ် ရောင်းအားကောင်းသေ်ာလည်း အဒဲလ်၏စံချိန်ကို မကျော်ဖြတ်နိုင်

တေလာဆွစ်၏ Reputation အယ်လ်ဘမ် ရောင်းအားကောင်းသေ်ာလည်း အဒဲလ်၏စံချိန်ကို မကျော်ဖြတ်နိုင်

 

နာမည်ကျော်အဆိုတော်တေလာဆွစ်၏ အယ်လ်ဘမ်အသစ်ဖြစ်သော Reputation သည် လေးရက်အတွင်း အချပ်ရေ တစ်သန်းကျော်ခန့်ရောင်းချနိုင်ခဲ့သော်လည်း လွန်ခဲ့သော ၂နှစ်က ဗြိတိန်အဆိုတော်အဒဲလ်တင်ရှိ ထားသော စံချိန်ကိုမချိုးဖျက်နိုင်ခဲ့ကြောင်း Nielsen Music က အင်္ဂါနေ့က ပြောခဲ့သည်။

တေလာဆွစ်၏ Reputation အယ်လ်ဘမ်သည် ၂၀၁၇ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံးအယ်လ်ဘမ် တစ်ခုဖြစ်ခဲ့သော်လည်း လွန်ခဲ့သော ၂၀၁၅ခုနှစ် နို၀င်ဘာလက အဒဲလ်၏ 25 အယ်လ်ဘမ်တင်ရှိထားသော စံချိန်ကို မချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

အဒဲလ်၏အယ်လ်ဘမ် 25 သည် လေးရက်အတွင်း အချပ်ရေ ၂.၄၃ သန်းခန့် ရောင်းချနိုင်ခဲ့ပြီး လွန်ခဲ့သော ၂၀၀၀ ခုနှစ်က အမေရိကန်အမျိုးသားဂီတဝိုင်း NSync တင်ရှိထားသော စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့သည်။

ယခုအခါတွင် တေလာဆွစ်သည် ပထမအပတ်အတွင်း အချပ်ရေ ၁ သန်းကျော်ခန့်ရောင်းချနိုင်သော အယ်လ်ဘမ် ၄ ခုပိုင်ရှင် အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်လာပြီဖြစ်သည်။ ထိုအယ်လ်ဘမ်များမှာ 1989 ၊ Red၊ Speak Now နှင့် ယခု Reputation တို့ဖြစ်သည်။

သုံးနှစ်အတွင်း ပထမဦးဆုံးအကြိမ်ထွက်ရှိလာသော တေလာဆွစ်၏အယ်လ်ဘမ်အသစ် Reputation ထဲတွင် သူမကိုမုန်းတီးသူများနှင့် မီဒီယာများကို လက်တုံ့ပြန်ရန်ရည်ရွယ်ပြီး ရေးစပ်သီဆိုထားသော သီချင်းများပါ၀င် သည်။

ဒါ့အပြင် Reputation အယ်လ်ဘမ်ရောင်းချမှု တစ်ပတ်ပြည့်သွားပါက Billboard မှ ထုတ်ပြန်မည့် တစ်ပတ်အတွင်း ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယား၌ ထိပ်ဆုံးမှရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly