ပက်ပက်စက်စက်ညှို့ ရုပ်ရှင်မှ သရုပ်ဆောင်တွေ ပရိသတ်နဲ့ လာတွေ့မယ်

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်မှ သရုပ်ဆောင်တွေ ပရိသတ်နဲ့ လာတွေ့မယ်
နေတိုးနှင့်အတူ ပွဲတက်လာသော ပရိသတ်အမျိုးသမီးငယ်တစ်ဦး

နိုဝင်ဘာ ၁၅ ။             ။ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားသို့ လာရောက်အားပေးကြသော ပရိတ်သတ်များအား ရွှေထူး(ရာဇဘွား) နှင့် မိုးစက်ဝိုင်(နှင်းပွင့်) တို့မှ လိုက်လံတွေ့ဆုံမည့် အစီအစဉ်တစ်ရပ် ရန်ကုန်နဲ့ မန္တလေးမှာ ပြုလုပ်ထားပါတယ်။

နိုဝင်ဘာလ ၁၃ ရက်က ဇာတ်ကား အထူးပွဲပြသစဉ် နေတိုးနှင့်အတူ ပရိသတ် အမျိုးသမီးငယ်တစ်ဦး၊ ရွှေထူးနှင့်အတူ ပရိသတ်အမျိုးသမီးငယ်တစ်ဦး ရွေးချယ်ပြီး အတူပွဲတက်ခဲ့ကြပါသေးတယ်။

မန္တလေးမြို့တွင် နိုဝင်ဘာလ ၁၇ ရက်၊ နေ့လည် ၁၂ ခွဲတွင် JCGV ( MDY )၊ ၃ နာရီခွဲတွင် မြို့ဂုဏ်ရောင် ( MDY )တို့မှာ ပရိသတ်နဲ့တွေ့ဆုံမှာပါ။

ရန်ကုန်မှာတော့ နိုဝင်ဘာလ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာတွေ့ဆုံမှာဖြစ်ပြီး နေ့လည် ၁၂ ခွဲတွင်  မြဟံသာ (သန်လျင်)၊ ညနေ ၃ ခွဲတွင် Capital Hyper Mart ( Mega Ace )၊ ညနေ ၆ နာရီခွဲတွင် Paradiso ( မှော်ဘီ )၊ နိုဝင်ဘာ ၁၉ ရက်တွင်   နေ့လည် ၁၂ ခွဲ၌ နဝဒေး၊ ညနေ ၃ ခွဲတွင် ဂျန်းရှင်းစကွဲတို့တွင် တွေ့ဆုံမှာ ဖြစ်ပါတယ်။

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို နေတိုးနဲ့အတူ မိုးစက်ဝိုင်၊ အဆိုတော်ရွှေထူးတို့က ပါဝင်အား ဖြည့်ထားကြတာပါ ။

ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကား သည် ဇာတ်လမ်း ဇာတ်ညွှန်း မိုးနီလွင် ၊ ဒါရိုက်တာ သားညီ မှ ရိုက်ကူး ထားပြီး သရုပ်ဆောင်များ အဖြစ် နေတိုး ၊ ရွှေထူး ၊ မိုးစက်ဝိုင် ၊ ရဲအောင် ၊ ချိုပြံုး ၊ ထူးမွန် တို့က အဓိက ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။

သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း တစ်ခုဖြစ်ပြီး ရာဇဘွား အဖြစ် အဆိုတော် ရွှေထူး ၊  နှင်းပွင့် (သို့မဟုတ်) ဧကရီ အဖြစ် မိုးစက်ဝိုင် ၊ ပိုင်စိုးနိုင် အဖြစ် အကယ်ဒမီ နေတိုးက သရုပ်ဆောင်ထားပြီး အချစ်ကို ဘဝတစ်လျှောက် အမှတ်တမဲ့ မေ့လျော့ထားခဲ့မိတဲ့ ယောကျ်ားတစ်ယောက် ၊ အချစ်ဆိုတာကို လွယ်လွယ် သိမ်းပိုက်လို့ရမယ်ထင်တဲ့ယောကျ်ားတစ်ယောက် နဲ့ အချစ်စစ်စစ် တစ်ခုကို တန်ဖိုးထား မြတ်နိုးခဲ့သော်လည်း ငွေကြေး နဲ့ အမုန်းစစ်ပွဲတွေကြားတွင် ပျောက်ဆုံးသွားခဲ့သည့် မိန်းကလေးတစ်ယောက်၊ ဒီ ၃ ဦးကြားမှ အချစ်ဇာတ်လမ်းကို ပရိသတ်တွေအတွက် တင်ဆက်ထားတာပါ။

ပက်ပက်စက်စက်ညှို့ ရုပ်ရှင် ဇာတ်ကားကြီးကို နိုဝင်ဘာ ၁၇ရက်က စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ တွင် ရုံတင်ပြသမှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly