စီးပွားမဖွံ့ဖြိုးသေးသော နိုင်ငံများ၌ ကင်ဆာရောဂါတိုက်ဖျက်ရာတွင် စိန်ခေါ်မှုပိုမိုများပြား

စီးပွားမဖွံ့ဖြိုးသေးသော နိုင်ငံများ၌ ကင်ဆာရောဂါတိုက်ဖျက်ရာတွင် စိန်ခေါ်မှုပိုမိုများပြား

 

မက္ကစီကိုစီးတီး၊ နို၀င်ဘာ ၁၅ ။          ။ ခန္ဓာကိုယ်တွင်း၌ အန္တရာယ်ပေးနိုင်သောအသားပိုအကျိတ်များ အများဆုံးတွေ့ရှိရသူများနေထိုင်သည့် စီးပွား မဖွံ့ဖြိုးသောနိုင်ငံများတွင်   ရောဂါရှာဖွေတွေ့ရှိမှုမြင့်တက်လာသောကြောင့် ကင်ဆာရောဂါတိုက်ဖျက်ရေးအဖွဲ့ အနေဖြင့် ၄င်းတို့၏ရည်မှန်းချက်များကို စီမံဖန်တီးထားသင့်ကြောင်း ဥရုဂွေးသမ္မတ တာဘာရီဗက်ဇ်ကွက်ဇ်က အင်္ဂါနေ့၌ ပြောကြားခဲ့သည်။

မက္ကစီကိုစီးတီး၌ကျင်းပခဲ့သော ကမ္ဘာ့ကင်ဆာထိပ်သီးစည်းဝေးပွဲ (WCLS) ၏ဖွင့်ပွဲ၌ ဗက်ဇ်ကွက်ဇ်က ဆင်းရဲ သောနိုင်ငံများမှလူများအနေဖြင့် ရောဂါစစ်ဆေးမှုနှင့် ကုသမှုအခက်အခဲများကြောင့် ကင်ဆာရောဂါဖြစ်ပွားမှု များကို အလွန်နောက်ကျပြီး ဝေဒနာခံစားရသောအချိန်မှ စတင်သိရှိရကြောင်း ပြောကြားခဲ့သည်။

မက္ကစီကိုသမ္မတအင်းနရစ်ပီနာနီယက်တိုကလည်း ကင်ဆာရောဂါကြောင့်သေဆုံးရသူ ရ၀ ရာခိုင်နှုန်းခန့်မှာ အလယ်အလတ်မှနည်းပါးသော ၀င်ငွေရရှိသူများနေထိုင်သည့် နိုင်ငံများမှဖြစ်ကြောင်းနှင့် လူနာအနည်းငယ်ခန့် ကသာ ဆေးကုသမှုခံယူနိုင်ကြောင်း အဆိုပါအခမ်းအနား၌ ပြောကြားခဲ့သည်။

“၉၀ ရာခိုင်နှုန်းသော ၀င်ငွေမြင့်မားတဲ့နိုင်ငံတွေဟာ ကင်ဆာဝေဒနာရှင်တွေကို ဆေးကုသဖို့အခွင့်အရေးပေး ပေမယ့် ၀င်ငွေနိမ့်ပါးတဲ့နိုင်ငံတွေမှာတော့ ၃၀ ရာခိုင်နှုန်းထက်ကိုနည်းတာကို တွေ့ရပါတယ်။ ရလာဒ်အားဖြင့် ကင်ဆာရောဂါဟာ ကမ္ဘာကြီးအနေနဲ့စီးပွားရေး မညီမျှတွေဖြစ်နေတယ်ဆိုတာကို ထင်ဟပ်စေပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

ထိုအရာကိုကြည့်ချင်းအားဖြင့် ကမ္ဘာပေါ်မှနိုင်ငံများကို ကင်ဆာတိုက်ဖျက်ရေးဖွံ့ဖြိုးသောနိုင်ငံနှင့် ကင်ဆာတိုက် ဖျက်မှုမဖွံ့ဖြိုးသောနိုင်ငံများအဖြစ် ခွဲခြားဖော်ပြထားဖို့လိုအပ်ကြောင်း ဥရုဂွေးသမ္မတက ထပ်လောင်းပြောကြားခဲ့ သည်။

ဒါ့အပြင်သူတို့၏ကျန်းမာရေးဝန်ဆောင်မှုများနှင့် သူတို့၏ကင်ဆာကာကွယ်ရေးအစီအမံများကို သူကချီးမွမ်းခဲ့ပြီး သတင်းအချက်အလက်နှင့် ပညာပေးမှုများကိုလည်း လူအားလုံးသိရှိအောင်   ဆောင်ရွက်ပေးနေကြောင်း ပြောခဲ့ သည်။

ဆက်လက်ပြီးသူက “သူတို့ဟာကင်ဆာစစ်ဆေးမှုတွေကို မကြာခဏလုပ်လေ့ရှိသော်လည်း ဆေးကုသမှု အတွက်ကိုတော့ အနည်းအကျဉ်းပဲ ပိုက်ဆံသုံးကြပါတယ်” ဟု ပြောခဲ့သည်။ ပြောင်းပြန်အနေဖြင့် ဖွံဖြိုးဆဲနိုင်ငံ များသည် ရောဂါပြင်းထန်လာသောအဆင့်၌ အန္တရာယ်ရှိသောကင်ဆာအကျိတ်နှင့်ပက်သက်၍ အသိပညာပေး အစီအမံများ လုပ်ဆောင်လိုစိတ်မရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly