ရန်ကုန်လေဆိပ်မှ ၂၀၁၇ ခုနှစ်ရဲ့ ၅သန်းမြောက် ခရီးသည်ကို ကြိုဆို

ရန်ကုန်လေဆိပ်မှ ၂၀၁၇ ခုနှစ်ရဲ့ ၅သန်းမြောက် ခရီးသည်ကို ကြိုဆို
(ဓာတ်ပုံ - ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်)

နိုဝင်ဘာလ ၁၄ ရက် ၂၀၁၇ ခုနှစ်က ရန်ကုန်လေဆိပ်မှ ၂၀၁၇ ခုနှစ်ရဲ့  ၅သန်းမြောက် ခရီးသည်အဖြစ် Myanmar Airways International စင်ကာပူ-ရန်ကုန်ခရီးစဉ် (8M 232) မှ ခရီးသည် Mr. Wong Foo Cheong ကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

Mr. Wong Foo Cheong ကို မြန်မာကျပ်ငွေ ၁၀ သိန်းနှင့် နေပြည်တော်ရှိ Horizon Lake View Hotel and Resort မှာ (၂)ညတာ အခမဲ့ အနားယူခွင့်နှင့် Samsonite Luggage အစရှိတဲ့ အခြား ၁၀ သိန်းကျပ်တန်ဖိုးရှိ အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသည် ၅.၄၅ သန်း ဝင်ရောက်ခဲ့ပါတယ်။ ခန့်မှန်းခြေအားဖြင့် ခရီးသည် သုံးပုံနှစ်ပုံဟာ နိုင်ငံတကာခရီးသွားများဖြစ်ပြီး ခရီးသည် ရ၀ ရာခိုင်နှုန်းဟာ အာရှတိုက်မှ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရန်ကုန်လေဆိပ်သို့ ခရီးသည် ရောက်ရှိမှု  ၉ ရာခိုင်နှုန်း တိုးတက်လာပြီး ယခုနှစ်အကုန် ၂၀၁၇ ခုနှစ်အတွက် ခရီးသည် ၅.၉ သန်း ရှိမယ်လို့ မျှော်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly