မနီလာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့စဉ် ယန်းငွေ ဘီလီယံ တစ်ရာကျော် ကူညီရန် ဂျပန်ဝန်ကြီးချုပ် ကမ်းလှမ်း

မနီလာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့စဉ် ယန်းငွေ ဘီလီယံ တစ်ရာကျော် ကူညီရန် ဂျပန်ဝန်ကြီးချုပ် ကမ်းလှမ်း

မနီလာမှ အစည်းအဝေးတစ်ရပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ယန်းငွေ ၁၁၇ ဘီလီယံ(ပေါင် ရ၈၅ ဒဿမ ရ၇ သန်း) ကူညီပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်က ဖော်ပြသည်။

အတိုးနည်းချေးငွေဖြင့် ထောက်ပံ့မည်ဖြစ်သော ယင်းငွေပမာဏကို မြန်မာနိုင်ငံက ကျေးလက်ဝင်ငွေကို မြှင့်တင်ပေးနိုင်မည့် အခြေခံအဆောက်အအုံများ၊ အသေးစားကုမ္ပဏီများ အပါအဝင် ရန်ပုံငွေစီမံချက်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံ၏ အကူအညီကမ်းလှမ်းမှုသည် လူ့အခွင့်အရေးအုပ်စုများ၊ အမေရိကန်နှင့် အခြားသော နိုင်ငံများက မြန်မာနိုင်ငံ၏ ရခိုင်ဒေသတွင် စစ်ဆင်သော အကြမ်းဖက်တိုက်ဖျက်ရေးများအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေစဉ် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှင်ဇိုအာဘေးတို့သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော အခြားဒေသတွင်း ခေါင်းဆောင်များပါ တက်ရောက်သည့် အာဆီယံထိပ်သီညီလာခံသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly