ကျောင်းသားများကို အင်္ဂလိပ်ဘာသာ စွမ်းရည် မြှင့်တင်ပေးရေး အဆို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်

ကျောင်းသားများကို အင်္ဂလိပ်ဘာသာ စွမ်းရည် မြှင့်တင်ပေးရေး အဆို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးမည်

နေပြည်တော် ၊ နိုဝင်ဘာ ၁၄ ။           ။ အဋ္ဌမတန်းမှ စတင်ကာ အထက်တန်းပညာရေး(၁၀တန်း)ပြီးဆုံးသည့် အချိန်ထိ အင်္ဂလိပ်စာဘာသာသင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံစနစ်များ ၊အကဲဖြတ်စနစ်စာမေးပွဲကို ခေတ်နှင့် လျော်ညီစွာ စွမ်းရည်(၄)မျိုး ပါ၀င်သော အရေး၊အဖတ်၊ အပြော၊ နားထောင်ခြင်း များပါ၀င်သည့် စနစ်သို့ ပြောင်းလဲပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော်က ဆွေးနွေးရန်ယနေ့လက်ခံခဲ့သည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ တင်သွင်းသည့် မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာဘာသာကို သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်းအထိ သင်ကြားပေးသော်လည်း အထက်တန်းအဆင့် ပညာရေး ပြီးဆုံးချိန်တွင် ရေးသား၊ ပြောဆို ဆက်သွယ်နိုင်စွမ်းများနိမ့်ကျနေသည့် အတွက် ပြုပြင်ပြောင်းလဲ သင်ကြားပေးရန် ပြည်ထောင်စုလွှတ်တော်အား တိုက်တွန်းသော အဆိုကို  ယနေ့ နိုဝင်ဘာ ၁၄ရက်နေ့ အမျိုးသားလွှတ်တော်တွင် ကျင်းပပြုလုပ်သော အစည်းဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံရဲ့ ပြဌာန်းထားတဲ့ အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းမှာ  ရေးခြင်း၊ ဖတ်ခြင်းဆိုတဲ့ ( Reading and writing skills)ကို သာ အဓိကထား သင်ကြားပေးတာ တွေ့ရပါတယ်။ စာမေးပွဲစစ်ဆေးတဲ့ အခါမှာလည်း reading နဲ့ writing skills ကိုသာ အဓိကထား စစ်မေးနေတာ တွေ့ရပါတယ်။ ဒါပေမယ့်ကျောင်းသားတွေအနေနဲ့ အဓိကထားသင်ပေးနေတဲ့ Skills နှစ်ခုကိုတောင်မှ တတ်မြောက် အသုံးချ နိုင်စွမ်း နိမ့်ပါးနေတာကို  အားလုံးသိရှိပြီး ဖြစ်ပါလိမ့်မယ်။ အဆင့်မြင့် ပညာရပ်တွေကို သင်ကြားရာမှာ ရေးခြင်းဖတ်ခြင်း အသုံးဝင်သလို နားထောင်ခြင်းနှင့် ပြောဆိုဆက်သွယ်ခြင်း စွမ်းရည်တွေကလည်း ယနေ့ခေတ် နိုင်ငံတကာ ပညာရေးစနစ်မှာ မရှိမဖြစ် လိုအပ်လျက် ရှိပါတယ်” ဒေါ်ထုမေက အဆိုတင်သွင်းစဉ် ပြောခဲ့ပါသည်။

ကိုယ်ပိုင်တွေးတော ပိုင်ခွင့် မပေးခဲ့သည့် စနစ်တွင် ဖြတ်သန်းခဲ့ရသောကြောင့် ဘွဲ့ရခဲ့သည့်တိုင် အင်္ဂလိပ်စာ 4 Skills(အရေး၊အဖတ်၊ အပြော၊ နားထောင်ခြင်း)စသည့် အရည်အချင်းများကို မရခဲ့သည့် အတွက် အနာဂတ်ပညာရေးမှာ နိမ့်ပါးမည့် အခြေအနေ ကို လက်မခံနိုင်ကြောင်း အစည်းဝေးပြီး မီဒီယာများကို ဒေါ်ထုမေက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly