ရီးယဲလ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် ငြင်းပယ်ပြီး အသင်းပြောင်းခွင့်ပြုရန် စီရော်နယ်ဒိုတောင်းဆို

ရီးယဲလ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် ငြင်းပယ်ပြီး အသင်းပြောင်းခွင့်ပြုရန် စီရော်နယ်ဒိုတောင်းဆို

နိုဝင်ဘာ ၁၄၊ စပိန် ။           ။ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသည် ရီးယဲလ်အသင်းနှင့်စာချုပ်သက်တမ်းတိုးရန် ငြင်းပယ်လိုက်ပြီး ၎င်း၏တန်ဖိုးနှင့်ကိုက်ညီသော ပြောင်းရွှေ့ကြေးရပါက အသင်းပြောင်းခွင့်ပြုရန် တောင်းဆိုထားသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

လက်ရှိစာချုပ်သက်တမ်းမှာ  ၂၀၂၁ ခုနှစ်အထိ ဖြစ်သော်လည်း ရီးယဲလ်တွင် ဆက်လက်ကစားလိုခြင်း မရှိတော့သောကြောင့် ယခုနှစ်ရာသီအကုန်၌ပင် အသင်းပြောင်းခွင့်ပေးရန် စီရော်နယ်ဒိုက ရီးယဲလ်ဥက္ကဋ္ဌပီရက်ဇ်ထံတောင်းဆိုခဲ့သည်ဟု El Chiringuito TV သတင်းထောက် အက်ဒူအဂွီရီက ဆိုသည်။

စီရော်နယ်ဒိုမှာ ပရိသတ်များ၏ ချစ်ခင်မှုကိုရရှိနေသော်လည်း ရီးယဲလ်အသင်း၏ အင်အားကျဆင်းလာမှုကြောင့် အသင်းပြောင်းရွှေ့လိုနေခြင်းဖြစ်သည်ဟုလည်း အဂွီရီက ဆိုသည်။

ယခုနှစ်ရာသီအစပိုင်းက ၎င်း၏စာချုပ်သစ်ကိစ္စရပ်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင်လည်း “ကျွန်တော်စာချုပ်သစ်မချုပ်ဆိုချင်ပါဘူး။… လက်ရှိစာချုပ်သက်တမ်းကိုပဲ ကျေနပ်ပါတယ်” လို့ ဖြေဆိုထားပါတယ်။

စီရော်နယ်ဒိုသည် ယခုနှစ်ရာသီတွင် ရီးယဲလ်၌ ခြေစွမ်းပြရန် ရုန်းကန်နေရပြီး လာလီဂါသွင်းဂိုး တစ်ဂိုးသာ သွင်းယူထားနိုင်သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly