နိုဝင်ဘာ ၁၄၊ အင်္ဂလန် ။ ။ လိင်ဝိသေတလက္ခဏာ ကွဲပြားသူများ နှင့် လိင်ပြောင်းထားသူ(LGBT)များအား ထောက်ခံသည့် အနေဖြင့် အင်္ဂလန်လိဂ်ပြိုင်ပွဲများတွင် သက်တန့်ရောင်စုံအလံများ အသုံးပြုမည် ဖြစ်သည်။
LGBT ကစားသမားများ၊ ပရိသတ်များနှင့်အသင်းဝန်ထမ်းများကို ထောက်ခံသောအားဖြင့် ယခုကဲ့သို့ပြုလုပ်ရန် စီစဉ်ကြခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၃ ရက်နေ့ကြား ယှဉ်ပြိုင်ကစားကြမည့် အင်္ဂလန်လိဂ်ပြိုင်ပွဲအားလုံးတွင် ထောင့်ကန်ဘော အလံများအား သက်တန့်ရောင်စုံများ အသုံးပြုသွားမည် ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ကတည်းက ထိုကဲ့သို့ ထောက်ခံအားပေးမှုများရှိခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်များနှင့် ဖိနပ်ကြိုးများတွင် သက်တန့်ရောင်စုံများ အသုံးပြုခဲ့ကြသည်။
အားကစားပြိုင်ပွဲဆိုသည်မှာ မည်သူမဆို လွတ်လပ်စွာကစားနိုင်သည်ကို ထောက်ခံပြသလိုသည်အတွက် ယခုအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အင်္ဂလန်လိဂ်အစည်းအရုံး၏အကြီးအကဲ ရုဟန့်က ပြောဆိုခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်