ဘင်္ဂါလီဒုက္ခသည်များအတွက် ဘင်္ဂလားဒေ့ရှ်၌ ဆေးခန်းဖွင့်ရန် အီရန်စီစဉ်

ဘင်္ဂါလီဒုက္ခသည်များအတွက် ဘင်္ဂလားဒေ့ရှ်၌ ဆေးခန်းဖွင့်ရန် အီရန်စီစဉ်

 

တာရန်၊ နိုဝင်ဘာ ၁၃ ။              ။ အီရန်နိုင်ငံမှ လခြမ်းနီအဖွဲ့ (IRCS) သည် ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီဒုက္ခသည်အများအတွက် လူသားချင်းစာနာမှုဆိုင် ရာ ထောက်ပံ့မှုများပေးအပ်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ ဆေးခန်းတစ်ခု ထူထောင်သွားရန် စီစဉ်ထားသည်။

ဘင်္ဂလားဒေ့ရှ်မှ IRCS ၏ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဟတ်ဆန်အက်ဖန်ဒီယာက သကြား၊ ဟင်းချက်ဆီနှင့် လက်ဖက်ရည်များအပါအဝင် အီရန်၏လူသားချင်စာနာမှုဆိုင်ရာအကူအညီများကို ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီ ဒုက္ခသည်စခန်း၌ ဖြန့်ဝေပေးနေကြောင်း တနင်္ဂနွေနေ့က ပြောခဲ့သည်။

သြဂုတ်လ ၂၅ ရက်နေ့ကဖြစ်ပွားခဲ့သော အစွန်းရောက် ဘင်္ဂါလီ ARSA အဖွဲ့၏ အကြမ်းဖက်မှုနောက်ဆက်တွဲ တပ်မတော်၏ နယ်မြေရှင်းလင်းရေးကာလတွင် ဘင်္ဂါလီလေးသိန်းထက်မနည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်ဟု ကုလသမ္မဂက ဆိုသည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး လူမျိုးသုန်းသတ်ဖြတ်မှုများရှိသည်ဟု ပြည်ပစွပ်စွဲမှုများ ထွက်ပေါ်နေပြီး ယင်းစွပ်စွဲချက်များကို မြန်မာအစိုးရက ငြင်းဆိုထားသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦးကျဆုံး၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သူ ၃၇၁ ဦး အသေ ရရှိကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း၊အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ရ ဦး၊ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ ရဦး စုစုပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ တိုင်းရင်းသား ၄ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲ သတင်း ဖော်ထုတ်ချက်များအရ အကြမ်းဖက် သမားများက မောင်တော မြို့နယ် ရဲဘောက်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၀ကျော်အား အဓမ္မဖမ်းဆီး ခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းသိရှိရပြီး စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ဘော်တလာ ကျေးရွာ အနီး၌ သတ်ဖြတ်ခြင်းခံရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၄၅ လောင်းအား တူးဖော်ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags