ဆီးရီးယားမှIS တိုက်ခိုက်ရေးသမားများ၏ ရုရှားမိသားစုဝင်များကို ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်

ဆီးရီးယားမှIS တိုက်ခိုက်ရေးသမားများ၏ ရုရှားမိသားစုဝင်များကို ရုရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်

 

ကာမစ်ရှ်လီ၊ ဆီးရီးယား၊ နိုဝင်ဘာ ၁၃ ။                  ။ ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာဒ့်ဒစ်ရှ်အာဏာပိုင်များသည် ဂျီဟတ်ဝါဒီများလက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ သည့် ရာကာမြို့မှ ရုရှားချက်ချန်အမျိုးသမီးများနှင့် ကလေးများကို တနင်္ဂနွေနေ့တွင် ရုရှားနိုင်ငံသို့ ပြန်လည်လွှဲ ပြောင်းပေးအပ်ခဲ့သည်။

ကာ့ဒ်ဒစ်ရှ်နှင့် အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့မှ အာရပ်တိုက်ခိုက်ရေး သမားများက သူတို့သည် ဆီးရီးယားမြောက်ပိုင်းရှိ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့၏ မြို့တော်ဖြစ်သော ရာကာမြို့ကို အောက်တိုဘာ ၁၇ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ကြသည်။

ဆီးရီးယားနှင့်အီရတ်တို့တွင် ၂၀၁၄ ခုနှစ်က စတင်ထကြွခဲ့ပြီးနောက် IS တို့သည် မွတ်စလမ်ပိုက်နက်အဖြစ် ထူထောင်ခဲ့ပြီး ရုရှားပိုင်နက် ချက်ရှ်နီယာအပါအဝင် နိုင်ငံရပ်ခြားမှ တိုက်ခိုက်ရေးသမားများကို သူတို့နှင့် လာရောက်ပူးပေါင်းရန် ဆွဲဆောင်ခဲ့သည်။

“ကျနော်တို့ဟာ ISIS မိသားစုဝင်တွေကို ရုရှားအစိုးရထံ တရားဝင်လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ကာ့ဒ်ပြည်သူ့ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နူရီမာမွတ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒါ့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒစ်ရှ်အာဏာပိုင်နယ်မြေမှ တာဝန်ရှိသူတစ်ဦးဖြစ်သော အက်ဘ်ဒယ် ကာရင်အေမာက “ ဆီးရီးယားပြည်သူတွေရဲ့သွေးတွေ သူတို့လက်မှာစွန်းထင်းခြင်းမရှိတဲ့ ရုရှားနိုင်ငံသားတွေ ကို ကျနော်တို့ လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောခဲ့သည်။

ထို့ကြောင့် အမျိုးသမီး ၁၃ ဦးနှင့် ကလေးငယ် ၂၉ ဦးကို ရုရှားတာဝန်ရှိသူများထံ လွှဲပြောင်းပေးလိုက်ပြီဖြစ် ကြောင်း သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly