ကော်စတာရီကာမှာလည်း အင်အားပြင်း ငလျင်လှုပ်

ကော်စတာရီကာမှာလည်း အင်အားပြင်း ငလျင်လှုပ်

ပစိဖိတ်ကမ်းရိုးတန်း ကော်စတာရီကာနိုင်ငံရဲ့ မြို့တော် စန်ဟိုဆေးအနီး ၆.၅ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု တနင်္ဂနွေနေ့နှောင်းပိုင်း ဒေသစံတော်ချိန် ညပိုင်း ၈:၂၈ နာရီအချိန်က လှုပ်ခတ်သွားကြောင်း အမေရိကန်ငလျင်တိုင်းတာရေး အေဂျင်စီအရ သိရပြီး အပျက်အစီးနှင့် အသေအပျောက် ရှိမရှိ မသိရသေးပေ။

ငလျင်ဟာ ကော်စတာရီကာနိုင်ငံ၊ ပါရီတာရဲ့ အနောက်ဘက် ၁၆ ကီလိုမီတာအကွာ ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်သွားကြောင်း USGS အရ သိရပါတယ်။

ပစိဖိတ်ဆူနာမီသတိပေးစင်တာက ဆူနမီသတိပေးချက် ထုတ်ပြန်သွားခြင်း မရှိခဲ့ပါဘူး။ 

အလားတူပဲ တနင်္ဂနွေအစောပိုင်းက အီရတ်နိုင်ငံ မြောက်ပိုင်းမှာ ရ.၃ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ၁၂၉  ဦး သေဆုံးခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags