စပိန်ကွင်းလယ်လူ အစ္စကို ရုရှားအသင်းနှင့် ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲကို လွှဲချော်မည်

စပိန်ကွင်းလယ်လူ အစ္စကို ရုရှားအသင်းနှင့် ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲကို လွှဲချော်မည်
(ဓာတ်ပုံ - EFE-EPA)

စပိန်ကွင်းလယ်လူ အစ္စကိုဟာ ရုရှားအသင်းနှင့် ကစားမယ့်  ကမ္ဘာ့ဖလားအကြို ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ဝင်ရောက်ကစားနိုင်မှာ မဟုတ်ကြောင်း စပိန်ဘောလုံးအသင်းက တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အစ္စကိုဟာ စပိန်အသင်းက ကော်စတာရီကာကို ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲမှာ ပြိုင်ဘက် နောက်ခံ ကစားသမားနှင့် ထိခိုက်မိပြီးနောက် ဒဏ်ရာရရှိခဲ့တာကြောင့် ရုရှားနှင့်ပွဲကို လွှဲချော်မှာဖြစ်ပါတယ်။

“အစ္စကိုဟာ အင်္ဂါနေ့မှာ ကစားမယ့် ရုရှားအသင်းနှင့် ပွဲကို လွှဲချော်ပါလိမ့်မယ်။ သူဟာ စနေနေ့က ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ မပူးပေါင်းနိုင်ခဲ့ပါဘူး”လို့ စပိန်အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါသတင်းက လာမယ့် ဒါဘီပွဲစဉ်ဖြစ်တဲ့ အက်သလက်တီကိုနှင့် ရင်ဆိုင်ရမယ့် ရီးယဲလ်နည်းပြ ဇီဒန်းအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။ ဒါပေမယ့် နောက်ပိုင်းသတင်းများအရ အစ္စကိုရဲ့ ဒဏ်ရာမှာ ပြင်းထန်မှု မရှိဘဲ ဒါဘီပွဲစဉ်ကို ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

စပိန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ရုရှားနှင့် ခြေစမ်းပွဲအတွက် စိန့်ပီတာစဘတ်ကို ခရီးထွက်ကြမှာဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags