အကျိုးအမြတ်မယူဘဲ လူမှုအဖွဲ့အစည်းများကို လှူဒါန်းမည့် အိန္ဒိယ - မြန်မာ စျေးရောင်းပွဲတော် ကျင်းပမည်

အကျိုးအမြတ်မယူဘဲ လူမှုအဖွဲ့အစည်းများကို လှူဒါန်းမည့် အိန္ဒိယ - မြန်မာ စျေးရောင်းပွဲတော် ကျင်းပမည်

နိုဝင်ဘာ ၁၂ ။              ။ ရန်ကုန်မြို့ရှိ အိန္ဒိယနွယ်ဖွားအမျိုးသမီးများအသင်းမှ ကြီးမှူးစီစဉ်သည့် “INDIA – MYANMAR CHARITY BAZAAR 2017" (အကျိုးအမြတ်မယူဘဲ လူမှုအကျိုုးပြုအဖွဲ့အစည်းများကို လှူဒါန်းမည့် အိန္ဒိယ - မြန်မာ စျေးရောင်းပွဲတော် - ၂၀၁၇)ကို လာမည့် ဒီဇင်ဘာလ ၂ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

အမှတ် (၃၅) ၊သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ Indian House တွင် ၊ဒီဇင်ဘာလ ၂ ရက်နေ့ (စနေနေ့) မနက် ၁၁းဝဝ နာရီမှ ညနေ ၅းဝဝ နာရီအထိ ကျင်းမည်ဖြစ်ပြီး ၀င်ကြေး ကျပ် ၅၀၀၀ သတ်မှတ်ထားသည်။

စျေးရောင်းပွဲတော်တွင် အိန္ဒိယအစားအစာများအပြင် အရောင်အသွေးစုံစုံနှင့် နှစ်သက်ဖွယ်ရာကောင်းသော လက်မှုပစ္စည်းများကို ပြသရောင်းချမည်ဖြစ်ပြီး နိုင်ငံခြားခရီးစဉ် လေယာဉ်လက်မှတ်၊ ဟိုတယ်တွင် အခမဲ့ နေထိုင်ခွင့်၊ ကျောက်မျက်ရတနာ၊ အပျော်စီးသင်္ဘောစီးခွင့် အစရှိသော ကံစမ်းမဲကူပွန်များကို မဲနှိုက်ရွေးချယ်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွေကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်သည်။

၀င်ခွင့်လက်မှတ်များကို အိန္ဒိယသံရုံး၊ Coriander Leaf၊  India Tadka၊  Marina Restaurant တို့တွင် ၀ယ်ယူနိုင်ပြီး  စျေးရောင်းပွဲတော်မှရရှိသောငွေကြေးတို့ကို မြန်မာနိုင်ငံအတွင်းရှိ လူမှုအကျိုုးပြုအဖွဲ့ အစည်းများကို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly