ကင်ဆာကုထုံးရဲ့ ကိုယ်ခံအားစနစ်အပေါ် အကျိုးသက်ရောက်မှုတွေက ဘာတွေများလဲ

ကင်ဆာကုထုံးရဲ့ ကိုယ်ခံအားစနစ်အပေါ် အကျိုးသက်ရောက်မှုတွေက ဘာတွေများလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

ကင်ဆာကုထုံးအားလုံးက ကိုယ်ခံအားစနစ်အပေါ်ကို သက်ရောက်မှုရှိပါတယ်။ အစာအာဟာရက ကိုယ်ခံအား စနစ်ကိုကြံံ့ခိုင်အောင်ထိန်းသိမ်းရာမှာအရေးပါတဲ့ အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဆဲလ်အားလုံးဟာ ကြီးထွားဖို့နဲ့ လုပ်ငန်းစဉ်တွေလုပ်ဆောင်နိုင်ဖို့အတွက် အာဟာရဓာတ်တွေကိုလိုအပ်ပါတယ်။

ဗီတာမင်၊သတ္တုဓာတ်၊ အဆီဓာတ်၊ကယ်လိုရီနဲ့ပရိုတင်းစားသုံးမှုတွေ လျော့နည်းလာပါက ဆဲလ်တွေက လုံလောက်တဲ့ အာဟာရ ဓာတ်ကို မရရှိတာကြောင့် ကိုယ်ခံအားစနစ်ရဲ့ လုပ်ဆောင်မှုအနေအထားကလည်းပြောင်းလဲသွားနိုင်ပါတယ်။ အာဟာရဓာတ်ချို့တဲ့မှုက ကိုယ်ခံအားစနစ်ကို ရောဂါပိုးမွှားတွေ ရှာဖွေဖျက်ဆီးရာမှာ ထိရောက်မှုအားနည်း စေပါတယ်။

အာဟာရဓာတ်ချို့တဲ့နေမယ်ဆိုရင် ကူးစက်ရောဂါတွေ ပုံမှန်ထက်ပို၍ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့အတွက်အထောက်အပံ့ဖြစ်အောင် ကယ်လ်လိုရီ၊ ပရိုတင်းနဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေလုံလောက်စွာပါ၀င်အောင်ဂရုပြုစားသုံးပေးပါ။

    ခွဲစိတ်ကုသမှု

အကြီးစားခွဲစိတ်ကုသမှုတိုင်းဟာ ခုခံအားကျဆင်း စေသည်။ ထိုသို ့ဖြစ်ရခြင်းအကြောင်းရင်းကိုသဲသဲကွဲကွဲမသိရသေးပါ။ ခွဲစိတ်ကုသမှုခံယူပြီး နာရီပိုင်းအတွင်းမှာ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်မှုဟာကျဆင်းသွားနိုင်ပါတယ်လို့ သုတေသီတွေက မှတ်ချက် ပြုခဲ့ပါတယ်။

ခွဲစိတ်မှုမှာအသုံးပြုတဲ့ မေ့ဆေး/ထုံဆေးက ကိုယ်ခံအားစနစ်ကိုကျဆင်းစေမှုမှာ အဓိကကျတဲ့အခန်းကဏ္ဍ ကနေပါဝင်နေနိုင်ပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကိုယ်ခံအားစနစ်အပြည့်အဝပြန်လည်ကောင်းမွန် လာစေဖို့အတွက် ၁၀ ရက်ကနေ လအတော်ကြာတဲ့အထိအချိန်ယူရပါတယ်။

ခွဲစိတ်ကုသမှုဟာ တစ်ခါတရံမှာ အရေပြားနဲ့ အချွဲမြှေးပါး (mucous membrane)ကို ထိခိုက်စေသလို အတွင်းပိုင်းတစ်သျှူးတွေကို ရောဂါပိုးမွှားတွေနဲ့ထိတွေ့စေတာ ကြောင့် ကူးစက်ရောဂါဝင်ရောက်နိုင်ခြေကိုမြင့်မားစေပါတယ်။

အထက်ပါအကြောင်းအချက်တွေကြောင့် ခွဲစိတ်ကုသမှုခံယူပြီးတဲ့အခါ အချိန်ပေးပြီးအနားယူသင့်သလို အောက်ဖော်ပြပါအနေအထားတွေကနေ နလန်ထူလာနိုင်စေဖို့အတွက်လည်း အချိန်ယူသင့်ပါတယ်။

ကင်ဆာရောဂါ ရှာဖွေဖော်ထုတ်ခြင်း၊ ရောဂါအဆင့်သတ်မှတ်ခြင်း နဲ ့ ကုသခြင်းတွေမှာ ခွဲစိတ်ကုသမှုကို အသုံးပြုလေ့ရှိပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ရောဂါကူးစက်ခံရနိုင်ခြေများစေတဲ့အကြောင်းအရင်းတွေက ခွဲစိတ်မှုခံယူပြီးတဲ့ နောက် ဆေးရုံမှာတက်ရောက်ကုသမှုခံယူရတဲ့အချိန်ကာလအပိုင်းအခြား၊ ခွဲစိတ်ကုသခံယူရမှုအတိုင်းအတာ၊ ခွဲစိတ်ကုသမှုခံယူရတဲ့အချိန်ကာလ၊ခွဲစိတ်ကုသမှုခံယူစဉ်အတွင်း ကုန်ဆုံးခဲ့တဲ့သွေးပမာဏ၊ အာဟာရဆိုင်ရာ အခြေအနေ၊ခွဲစိတ်တဲ့နေရာကို ဓာတုကုထုံးနဲ့ကုသတာနဲ့ ဓာတ်ရောင်ခြည်ကုထုံးလိုမျိုး ကင်ဆာအစောပိုင်းအဆင့် ကုသမှု ခံယူရတာ၊ဆီးချိုရောဂါလိုမျိုး အခြားကျန်းမာရေးဆိုင်ရာအခြေအနေတွေပဲဖြစ်ပါတယ်။

ခွဲစိတ်ထားတဲ့ ဒဏ်ရာတွေ ကခန္ဓာကိုယ်ထဲကိုကူးစက်ရောဂါပြန့်နှ့ံဝင်ရောက်လေ့ရှိတဲ့နေရာတွေဖြစ်တာကြောင့် ကူးစက်ရောဂါ ခံစားရနိုင်ခြေ နည်းစေဖို့ ခွဲစိတ်ကုသမှုမလုပ်ဆောင်ခင်မှာ ပဋိဇီဝဆေးဝါးကြိုတင် သောက်သုံးစေတာမျိုးလည်း ရှိပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက်မှာ ကူးစက်ရောဂါပိုးကူးစက်ခံရတဲ့လက္ခဏာတွေကို ဂရုပြုစောင့်ကြည့်သွားရ မှာဖြစ်ပါတယ်။

    ဓာတုကုထုံး

ဓာတုကုထုံးက ကင်ဆာကုထုံးခံယူနေတဲ့သူတွေမှာ ရိုးတွင်းခြင်ဆီလုပ်ငန်းများကို ဖိနှိပ်တားဆီး၍ သွေးဆဲလ်ထုတ်လုပ်မှုကျဆင်းခြင်း (Myelosuppression) ကိုဖြစ်ပေါ်ခံစားရစေတဲ့အဓိကကျတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။

Myelosuppression ပြင်းထန်ရတဲ့အကြောင်းအရင်းကဓာတုကုထုံးမှာ အသုံးပြုတဲ့ဆေးဝါး၊ ဆေးကုသမှုခံယူရတဲ့အချိန်၊အရင်ကကင်ဆာကုသမှုခံယူခဲ့ဖူးတဲ့ အကြောင်းအရင်း၊ အသက်အရွယ်၊ အာဟာရပမာဏ၊ကင်ဆာအမျိုးအစားနဲ့ ခံစားနေရတဲ့ကင်ဆာရောဂါရဲ့အဆင့်တွေကြောင့် ဖြစ်ပါတယ်။ ကုထုံးမှာအသုံးပြုတဲ့အချို့ဆေးတွေက အခြားအစိတ်အပိုင်းတွေထက် ရိုးတွင်းခြင်ဆီပေါ်ကို  ပိုမိုသက်ရောက်မှုရှိစေပါတယ်။

ဓာတုကုထုံးမှာ အသုံးပြုတဲ့ဆေးဝါးတွေကို ရိုးတွင်းခြင်ဆီတွေကို ဖျက်ဆီးပစ်တဲ့ အရာလို့တောင်ဆိုလို့ရပါတယ်။ ဓာတုကုထုံးမှာအသုံးပြုတဲ့ဆေးဝါးတွေက သွေးဥဆဲလ်အားလုံးရဲ့ ဖြစ်ပေါ် ထုတ်လုပ်မှုတွေကိုထိခိုက်စေပါတယ်။ ဓာတုကုထုံးမှာအသုံးပြုတဲ့ဆေးဝါးတွေက သွေးဖြူဥဆဲလ်တွေ၊သွေးနီဥ ဆဲလ်တွေ နဲ့သွေးဥမွှားတွေရဲ့ထုတ်လုပ်မှုအပေါ် သက်ရောက်ထိခိုက်မှုပုံစံကတော့ကွဲပြားပါတယ်။ သွေးဖြူဥဆဲလ်တွေထုတ်လုပ်မှုက ဓာတုကုထုံးဆေးဝါးတွေရဲ့ထိခိုက်မှုကို ပိုမိုခံစားရပါတယ်။

    ဇီဝကုထုံး

ဇီဝကုထုံး(biologic therapy သို ့မဟုတ် immunotherapy)က ကိုယ်ခံအားစနစ်ရဲ့ ကင်ဆာဆဲလ်တွေကို သိရှိတု့ံပြန်နိုင်စွမ်းကိုတိုးတက်လာစေဖို့ရည်ရွယ်ပြုလုပ် ထားတဲ့ ကုထုံးဖြစ်ပါတယ်။

သည်ကုထုံးက ကိုယ်ခံအားစနစ်ကို ကင်ဆာဆဲလ်တွေကို ဓာတ်ပြုဆန့်ကျင်ဖို့ လှု့ံဆော်ပေးတယ်ဆိုပေမယ့် သည်ကုထုံးကတစ်ခါတလေမှာ ကိုယ်ခံအားစနစ်က ကူးစက်ရောဂါတွေကိုတိုက် ဖျက်ရာမှာအဟန့်အတားဖြစ်စေတာမျိုးလည်းရှိပါတယ်။

ဇီဝကုထုံးခံယူမယ်ဆိုပါက ခုခံအားကျဆင်းခြင်းနဲ့ သွေးဖြူဥဆဲလ်အရေအတွက်တွေကျဆင်းခြင်းကိုခံစားရနိုင်ပါတယ်။

    ဓာတ်ရောင်ခြည်ကုထုံး

ခန္ဓာကို်ယ်မှာဓာတ်ရောင်ခြည်ကုထုံးခံယူဖူးတာမျိုးမရှိရင်ပဲဖြစ်ဖြစ် ရိုးတွင်းခြင်ဆီအများအပြားထုတ်လုပ်တဲ့ တင်ပါးဆုံရိုး၊ရင်ညွှန့်ရိုးနဲ့ကျောရိုးတွေကို ဓာတ်ရောင်ခြည်ကုထုံးနဲ့ကုသမှုမခံယူဖူးဘူူးဆိုရင်ပဲဖြစ်ဖြစ်ဓာတ်ရောင်ခြည်ကုထုံးကြောင့်သွေးဆဲလ်ပမာဏအလွန်အမင်းလျော့နည်းတာမျိုးခံစားရနိုင်ခြေတော်တော်ကို နည်းပါးသွားမှာဖြစ်ပါ တယ်။

ဓာတ်ရောင်ခြည်ကုထုံးဟာ ကုသမှုခံယူချိန်မှာခန္ဓာကိုယ်ရဲ့ တစ်နေရာထဲကိုဓာတ်ရောင်ခြည်ပေးပြီး ကုသတာဖြစ်ပါတယ်။(Chemotherapy ဓါတုကုထုံးများကတော့ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ  ့နှံ ့စေသော ကုသနည်း ဖြစ်တယ်) အသုံးပြုတဲ့ဆေးအချိန်အဆနဲ့ဓာတ်ရောင်ခြည်ကုထုံးအမျိုးအစားအပေါ်မှာမူတည်ပြီး အရေပြားနဲ့အတွင်းပိုင်းကျိချွဲမြှေးတွေကိုထိခိုက်ပျက်စီးစေနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေဆီကို ရောဂါပိုးမွှားတွေ ဝင်ရောက်မှုကနေ ကာကွယ်နိုင်စွမ်းကျဆင်းစေတာမျိုးဖြစ်ပေါ်စေပါတယ်။

ယနေ့ခေတ် ဓာတ်ရောင်ခြည်ကုထုံး တွေမှာတော့ တစ်ကြိမ်တည်းဆေးပမာဏများများနဲ့ကုသတာထက် အကြိမ်ရေခွဲ၍ကုသတဲ့နည်းလမ်းကိုအသုံးပြု နေပါတယ်။ သည်နည်းလမ်းက Myelosuppression နဲ့ကူးစက်ရောဂါဖြစ်ပေါ်ခံစားရနိုင်ခြေ တွေကိုနည်းအောင်ကူညီပါတယ်။

တကယ်လို့ ဓာတ်ရောင်ခြည်ကုထုံး ကုသမှုခံယူရတဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းနေရာမှာ အရိုးတွေရှိခဲ့မယ်ဆိုရင် ဓာတ်ရောင်ခြည်ကုထုံးရဲ့ ရိုးတွင်းခြင်ဆီဆဲလ်တွေအပေါ်သက်ရောက်မှုက ဓာတုကုထုံးကြောင့် ရိုးတွင်းခြင်ဆီ ဆဲလ်တွေအပေါ်သက်ရောက်မှုနဲ ့အတူတူပဲဖြစ်တယ်။

ကုထုံးရဲ့သက်ရောက်မှုကြောင့် သွေးအားနည်းခြင်း သို ့မဟုတ် သွေးဖြူဥဆဲလ် လျော့နည်းခြင်းကို ခံစားရနိုင်ကာကူးစက်ရောဂါဝင်ရောက်နိုင်ခြေကိုတိုးစေ ပါတယ်။ ဓာတ်ရောင်ခြည်ကုထုံးမှာအသုံးပြုတဲ့ ဆေးအချိန်အဆ၊ ကုထုံးခံယူမှုအကြိမ်ရေနဲ့ ဓာတ်ရောင်ခြည်ကုထုံး ခံယူတဲ့နေရာတည့်တည့်မှာရှိနေတဲ့ ရိုးတွင်းခြင်ဆီဆဲလ်ပမာဏက ဓာတ်ရောင်ခြည်ကုထုံးကြောင့် Myelosuppression ဖြစ်တဲ့ပမာဏပေါ် သက်ရောက်မှုရှိပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly